ဘရစ်တနေစပီးယားရဲ့ MTV အတိုင်း သရုပ်ဆောင်ခဲ့တဲ့ ထိုင်းလေယာဉ်မယ်များ

170622130448-britney-spears-super-169.jpg

ဘရစ်တနေစပီးယားရဲ့  ၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Toxic” Music Video ကို မှတ်မိကြပါသလား။ “Toxic” Music Video ထဲမှာဆိုရင် အမေရိကန် ပေါ့ပ်အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဘရစ်တနေဟာ လေယာဉ်မယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး ဒီ Music Videoကို ဒါရိုက်တာ ဂျိုးဇက်ခန် (Joseph Kahn) က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီစိတ်လှုပ်ရှားဖွယ်ရာ ရိုက်ကူးထားတဲ့ Music Video ဟာ ဘရစ်တနေရဲ့ လူကြိုက်အများဆုံး သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။  ဘရစ်တနေဟာ သူမရဲ့Music Video ထဲမှာလက်တွေ့ဘဝမှာ လေယာဉ်မယ်များရဲ့ခရီးသည်များကို ဝန်ဆောင်မှုပေးရတဲ့အလုပ်ဟာ သူလျှိုအလုပ်လိုပဲ ခက်ခဲကြောင်း ရိုက်ပြသွားခဲ့ပါတယ်။

အခု ဘရစ်တနေရဲ့ သီချင်းကို လတ်တလောမှာ ထိုင်းနိုင်ငံ Airline တစ်ခုဖြစ်တဲ့ Nok Air လေယာဉ်မယ်လေး ၄ ဦးဟာ လေယာဉ်အလွတ် တစ်စီးပေါ်မှာ ဘရစ်တနေရဲ့ “Toxic” music video ကို Cover ပြန်လည်ရိုက်ကူးခဲ့ပြီး ဘရစ်တနေ ထိုင်းနိုင်ငံလာရောက်တဲ့ အထိမ်းအမှတ်နဲ့ ကြိုဆိုခဲ့ကြပါတယ်။ ဘရစ်တနေဟာ ဇွန်လ ၂၃ရက်နေ့နဲ့ ၂၄ရက်မှာ ဘန်ကောက်မြို့မှာ ဖျော်ဖြေပွဲ လာရောက်ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘရစ်တနေရဲ့ “Toxic” music video ကို Cover ရိုက်ကူးခဲ့တဲ့ Airline တွေထဲမှာ Nok Air ဟာ ပထမဆုံးမဟုတ်ဘဲ လွန်ခဲ့တဲ့အပတ်အတွင်းကလည်း အစ္စရေးလေကြောင်းလိုင်းဖြစ်တဲ့ El Al Airlines မှ လေယာဉ်မယ်များက Cover ရိုက်ကူးခဲ့ကြသလို ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း AirAsia Airline မှ လေယာဉ်မယ်လေးများက Cover ရိုက်ကူးဖူးခဲ့ကြောင်း သိရပါတယ်။

Ref: BBC News ; Thai flight attendants welcome Britney Spears with ‘Toxic’ video

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top