လမ်းခွဲသွားတဲ့ ချစ်သူဆီက ရေသန့် ၂ ဗူးဖိုးကအစ ပြန်တောင်းခဲ့သူ

9-21-2022-yyl-44.jpg

တရုတ်အမျိုးသားတစ်ယောက်ဟာ သမီးရည်းစား ဘဝတုန်းက သူ ကုန်ကျခဲ့သမျှ ပိုက်ဆံတွေ ပြန်ပေးဖို့ လမ်းခွဲသွားတဲ့ ချစ်သူဟောင်းဆီကို စာရေးပြီး တောင်းခဲ့ပါတယ်။ ရှန်ဟိုင်းမြို့မှာ နေထိုင်တဲ့ ဒီအမျိုးသားဟာ သမီးရည်းစားဘဝတုန်းက သူ ရှင်းပေးခဲ့တဲ့ ပိုက်ဆံအားလုံးကို ရက်အတိအကျနဲ့ စာရင်းမှတ်ထားတာပါ။

ရေသန့် ၂ ဘူးဖိုးကအစ ကောင်မလေးအမေ နေမကောင်းတုန်းက ဝယ်ပေးခဲ့တဲ့ ဆေးဖိုး၊ ကွယ်လွန်သွားချိန်မှာ ထည့်ဝင်ခဲ့တဲ့ နာရေးစရိတ်အဆုံး အကုန်လုံးကို ပြန်တောင်းခဲ့တာပါ။ စားသောက်ဆိုင်မှာ ၂ ယောက် အတူစားခဲ့တုန်းက ရှင်းရတဲ့ပိုက်ဆံကိုလည်း တစ်ဝက်ပြန်ပေးဖို့ တောင်းခဲ့ပါတယ်။ သူ တောင်းထားတဲ့ ပိုက်ဆံက ယွမ်ငွေ ၆၂၀၀၀ ကျော် ရှိတဲ့အနက် ယွမ်ငွေ ၆၀၁၄၇ ( မြန်မာငွေ သိန်း ၂၀၀ ကျော်) ပြန်ပေးဖို့ တောင်းထားပါတယ်။

တရုတ်လူမှုကွန်ရက်မှာ အချိန်တိုအတွင်း ပျံ့နှံ့ခဲ့တဲ့ ဒီဖြစ်ရပ်မှာ ကောင်မလေးဘက်က သူ တောင်းထားတဲ့ငွေ ပြန်ပေးသလား၊ မပေးဘူးလားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

Ref: Man Asks Ex-Girlfriend to Pay $9,000 in Dating Expenses After Breakup

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top