ကမ္ဘာ့အစပ်ဆုံးငရုတ်သီးအသစ်ကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းသတ်မှတ်

17.10.23-yyl-1.jpg

Pepper X လို့အမည်ရတဲ့ ငရုတ်သီးက ကမ္ဘာ့အစပ်ဆုံးငရုတ်သီးအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။ အရင်ကလည်း ဒီငရုတ်သီးကို စိုက်ပျိုးခဲ့တဲ့ ငရုတ်သီးကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ အက်ဒ် ကူရီဟာ Carolina Reaper အမည်ရတဲ့ ငရုတ်သီးနဲ့ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးစံချိန်ကို ချိုးခဲ့ပါသေးတယ်။

အက်ဒ်က Pepper X ကိုတော့ လွန်ခဲ့တဲ့နှစ်တွေမှာ စမ်းသပ်စိုက်ပျိုးခဲ့တာပါ။ ဒီငရုတ်သီးက Caroline Reaper ငရုတ်သီးထက်ပိုပြီး ပူစပ်ပါတယ်။ ဒီငရုတ်သီးကို စိုက်ပျိုးတဲ့ အခြားစိုက်ပျိုးသူတွေမရှိတာကို သိရပြီးမှ ဒီငရုတ်သီးကို ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့တာပါ။

ငရုတ်သီးတစ်တောင့်ရဲ့အစပ်ပမာဏကို အဲဒီမှာပါဝင်တဲ့ ကက်ပ်ဆိုင်စင်ပမာဏနဲ့ ဆုံးဖြတ်ပါတယ်။ အဲဒါကို Scoville Scale လို့ခေါ်တဲ့ ကိရိယာနဲ့ ဖော်ထုတ်ပါတယ်။ ဒီကိရိယာကို ဆေးဝါးပညာရှင် ဝီလ်ဘာ စကိုဗီလ်က ၁၉၁၂ ခုနှစ်က တီထွင်ခဲ့တာပါ။

Pepper X ကို တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ Winthrop University မှာ စမ်းသပ်ခဲ့တာပါ။ အစပ်ပမာဏက ပျမ်းမျှ (၂၆၉၃၀၀၀) Scoville Heat Units (SHU) ရှိပါတယ်။ Carolina Reaper က ပျမ်းမျှ ၁.၆၂ သန်း SHU ရှိခဲ့တာပါ။

အက်ပ်က ငရုတ်သီးတွေကို ဝါသနာတစ်ခုအနေနဲ့ စတင်စိုက်ပျိုးခဲ့ပြီး နောက်ပိုင်းမှာ အချိန်ပြည့် စိုက်ပျိုးဖြစ်ခဲ့ပါတယ်။ စပ်တဲ့ငရုတ်သီးပင် ၈၀၀ ကို စိုက်ပျိုးခဲ့တာပါ။ Pepper X ကို သူ့ရဲ့ခြံထဲမှာ ဆယ်စုနှစ်တစ်ခုကျော်လောက်က စိုက်ပျိုးခဲ့ပြီး ကက်ပ်ဆိုင်စင်ပါဝင်မှုပမာဏတိုးလာဖို့ အခြားအပူစပ်ဆုံးငရုတ်သီးတချို့နဲ့ပင်ပွားပြီး စိုက်ပျိုးခဲ့တာပါ။

Pepper X စိုက်ပျိုးတဲ့လုပ်ငန်းစဉ်ကို ထုတ်ပြမှာမဟုတ်ပါဘူး။ စိုက်ပျိုးနည်းကို ခိုးယူချင်တဲ့လူတွေ ရှိနေပါတယ်။ ဒီငရုတ်သီးက တစ်ဦးတည်းပိုင်ငရုတ်သီးမျိုးလို့ ယူဆထားတာကြောင့် ငရုတ်သီးတောင့်၊ ငရုတ်စေ့တွေကို ရောင်းချမှာမဟုတ်ပါဘူး။ သူ့ရဲ့အရသာကို Pepper X ငရုတ်ဆော့စ်တွေကတဆင့် သိရမှာဖြစ်ပါတယ်။ အက်ဒ်က နောက်ထပ်စံချိန်ချိုးနိုင်မယ့် ငရုတ်သီးမျိုးကို စိုက်ပျိုးဖို့ လုပ်ဆောင်နေပါတယ်။

Ref: Guinness World Records names new hottest pepper

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top