ဘာမှမကူး တံတား

9-19-2022-yyl-35.jpg

လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဂျပန်ကုမ္ပဏီက တည်ဆောက်သမျှ တံတားတွေအနက် New Choluteca Bridge (သို့) Bridge of Rising Sun (တက်နေဝန်းတံတား)က အကြီးဆုံးပဲ။ ချိုလူတီကာမြစ်ပေါ်မှာ တံတားတစ်စင်း ရှိပြီးသားဖြစ်ပေမဲ့ ဖြတ်လမ်းအသစ်နဲ့ ဆက်သွယ်ဖို့ တံတားသစ် ထပ်ဆောက်ခဲ့တာပါ။ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ်ကြား ဟွန်ဒူးရပ်စ်နိုင်ငံမှာ Hazama Ando Corporation က တည်ဆောက်ခဲ့တာပါ။

၁၉၉၈ ခုနှစ်မှာ စတင်အသုံးပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ အဲဒီနှစ်မှာပဲ ဟွန်ဒူးရပ်စ်နိုင်ငံမှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း (Hurricane Mitch) ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တယ်။ တံတားတွေ ပြိုကျတယ်။ ဒါပေမဲ့ ဂျပန်ကုမ္ပဏီရဲ့ တံတားသစ်ကတော့ အထိအခိုက်နည်းခဲ့တယ်။ (တံတားရဲ့ကြံ့ခိုင်မှုက ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်)။

ဒါပေမဲ့ မုန်တိုင်းကြောင့် မြစ်ရေကြီးပြီး ချိုလူတီကာမြစ်ရဲ့ ရေစီးကြောင်း ပြောင်းလဲသွားပြီး တံတားအောက်မှာ ဖြတ်မစီးဘဲ တံတားဘေးရောက်သွားလို့ အဲဒီတံတားကလည်း The Bridge to Nowhere (ဘာမှမကူး တံတား)အဖြစ် နာမည်ကြီးသွားတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အဲဒီတံတားက အဝေးပြေးလမ်းမကြီးနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။

New Choluteca Bridge or The Bridge to Nowhere

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top