Google ကုမ္ပဏီမှာ အလုပ်လျှောက်တာ ၃၉ ခါ ပယ်ချခံရပြီးမှ အလုပ်ရသွားခဲ့သူ

29-7-2022-yyl08.jpg

Google ကုမ္ပဏီမှာ အလုပ်လျှောက်တာ ၃၉ ခါ ပယ်ချခံရပြီးမှအလုပ်ရသွားခဲ့သူ

အခုကတော့ ခဏခဏရှုံးနိမ့်ခဲ့ပေမဲ့ ဘယ်တော့မှ လက်မလျှော့ဘဲ ဆက်ပြီးကြိုးစားခဲ့တဲ့ အမျိုးသားတစ်ယောက်အကြောင်းပါ။ သူကတော့ တိုင်လာ ကိုဟန်ဆိုသူပါ။ တိုင်လာက နည်းပညာကုမ္ပဏီကြီး Google မှာ ၂၀၁၉ ခုနှစ်ကနေစပြီး အလုပ်လျှောက်ခဲ့ပါတယ်။အဲဒီကုမ္ပဏီမှာ သူ အလုပ်လျှောက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရတာ တစ်ခါတည်းမဟုတ်ပါဘူး။ (၃၉) ခါ ပယ်ချခံခဲ့ရတာပါ။ ဒါပေမဲ့ တိုင်လာဟာ ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားခဲ့ရမှ ၂၀၂၂ခုနှစ်မှာတော့ Google ကုမ္ပဏီမှာ အလုပ်ရသွားခဲ့ပါတယ်။

တိုင်လာဟာ Google ကုမ္ပဏီကို အလုပ်လျှောက်ခဲ့တဲ့ Email ကို Screenshot ရိုက်ပြီး LinkedIn မှာ ” ၃၉ ခါ ပယ်ချ၊ ၁ ခါ လက်ခံ” ဆိုတဲ့စာသားနဲ့ တင်ခဲ့ပါတယ်။ သူ တင်ခဲ့တဲ့ Screenshot အရဆိုရင် ၂၀၁၉ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က Google ကုမ္ပဏီမှာ အလုပ်စလျှောက်ခဲ့တာပါ။

Google ကုမ္ပဏီမှာ အလုပ်လျှောက်တာ ၃၉ ခါ ပယ်ချခံရပြီးမှအလုပ်ရသွားခဲ့သူ

အဲဒီတုန်းက ပယ်ချခံလိုက်ရတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ (၂) ခါ လျှောက်ခဲ့တယ်။ နှစ်ခါလုံး မရခဲ့ဘူး။ အလုပ်လျှောက်တာခဏနားပြီး ၂၀၂၀ ခုနှစ် ဇွန်လမှာ ပြန်လျှောက်ခဲ့တယ်။ ဒါပေမဲ့ သူ လျှောက်တဲ့အခါတိုင်း ပယ်ချခံခဲ့ရတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ကျမှာပဲ အလုပ်ရသွားခဲ့ပါတော့တယ်။

LinkedIn မှာ တင်ခဲ့တဲ့ ပုံ

တိုင်လာက Google ကုမ္ပဏီကြီးမှာ အလုပ်မရခင် ဆန်ဖရန်စစ္စကိုမြို့မှာ နေထိုင်ခဲ့ပြီး DoorDash ကုမ္ပဏီရဲ့ Strategy & Operation ပိုင်းမှာ Associate Manager အဖြစ် လုပ်ကိုင်ခဲ့တာပါ။

Ref: Indiatimes “Man Finally Gets Job At Google After Being Rejected 39 Times: This Is His Viral Story”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top