လက်နက်ကိုင်တွေက စစ်တပ်အခြေစိုက်စခန်းကို ဝင်တိုက်လို့ နိုင်ဂျာစစ်သည် ၇၃ ယောက် သေဆုံး

yyl-029-6.jpg

နိုင်ဂျာနိုင်ငံ အနောက်ပိုင်းက စစ်တပ်အခြေစိုက်စခန်းကို လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အနည်းဆုံးစစ်သည် ၇၃ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း နိုင်ဂျာနိုင်ငံမှာ သေဆုံးသူအများဆုံး တိုက်ခိုက်မှုဖြစ်ပြီး နောက်ထပ်စစ်သည် ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံ အနောက်ပိုင်း အိုင်နာတက်စ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမျှ သူတို့ရဲဲ့လက်ချက်လို့ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

အခုနှစ်အတွင်းမှာ ISအဖွဲ့၊ အယ်လ်ကေးဒါးအဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ လက်နက်ကိုင်တွေက ဆာဟယ်ဒေသတစ်ဝန်းမှာ လူသေဆုံးစေတဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ မာလီနိုင်ငံ နယ်စပ်အနီးက အိုင်နာတက်စ်ရွာမှာ ရာချီတဲ့ လက်နက်ကိုင်တွေနဲ့ နိုင်ဂျာစစ်သည်တွေကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ နိုင်ဂျာနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ကာတမ်ဘီက ပြောပါတယ်။

ဆာဟယ်ဒေသလုံခြုံရေးနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံမှာ ပြင်သစ်သမ္မတမက်ခရွန်နဲ့ အနောက်အာဖရိက ခေါင်းဆောင် ၅ ယောက် တွေ့ဆုံဆွေးနွေးမယ့် ဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းအကြာတွင် အခုလိုဖြစ်ပွားခဲ့ပါတယ်။ ဒီအစည်းအဝေးကိုတော့ လာမယ့်နှစ် အစောပိုင်းအထိ ဆိုင်းငံ့လိုက်ပါတယ်။ နိုင်ဂျာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေက မျက်ခြေမပြတ် သတိထားရမယ့် အဆင့်မျိုး ဖြစ်လာပြီဟု လုံခြုံရေးသုတေသီတွေက ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top