တစ်နာရီပြည့်အောင် နေနိုင်သူမရှိတဲ့ ကမ္ဘာ့အတိတ်ဆိတ်ဆုံး အခန်း(သို့) မိုက်ခရိုဆော့ဖ်ရဲ့ Audio Lab

21.2.2023-image-1.jpg

တိတ်ဆိတ်လွန်းလို့ ကိုယ့်အသံရှူသံ၊ ကိုယ့်နှလုံးခုန်သံကို အကျယ်ကြီး ပြန်ကြားရပြီး စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်လာစေတဲ့အထိ ဆိတ်ငြိမ်လွန်းတာကတော့ မိုက်ခရိုဆော့ဖ်ရဲ့ Audio Lab ပါပဲ။ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ ရက်ဒ်မွန်မြို့အခြေစိုက် မိုက်ခရိုဆော့ဖ်ရုံးချုပ်ထဲမှာ ဒီအခန်းကို ထည့်သွင်းတည်ဆောက်ထားတာပါ။

ပြင်ပဆူညံသံတွေ လုံးဝမကြားစေတဲ့အပြင် အခန်းတွင်း ပဲ့တင်သံမထွက်အောင် စီမံထားတဲ့ Audio Lab ဟာ အနုတ် ၂၀.၃၅ ဒက်ဆီဘယ် ရှိပါတယ်။ အလွန်တိတ်ဆိတ်လွန်းတဲ့အတွက် ဒီအခန်းထဲမှာ ဘယ်သူမှ ၅၅ မိနစ်ထက် ပိုမနေနိုင်ဘူးလို့ ဆိုပါတယ်။ တချို့တွေဆိုရင်တော့ စက္ကန့်ပိုင်းလောက်ပဲ နေနိုင်ကြတာပါ။

ကွန်ကရစ်နဲ့ သံမဏိ ၆ လွှာ ထည့်သွင်းတည်ဆောက်ထားပြီး နံရံမှာတော့ တုန်ခါမှုလျှော့ချပေးတဲ့ စပရိန်တွေ ထည့်ထားပါတယ်။ နံရံနဲ့ မျက်နှာကျက်ကိုလည်း ပဲ့တင်သံမပြန်စေဖို့ သပ်ပုံစံ ဖိုက်ဘာမှန်တွေ ကာရံထားပါတယ်။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ မိုက်ခရိုဖုန်း၊ အသံဖမ်းစက်၊ အသံချဲ့စက် အစရှိတဲ့ အသံပိုင်းဆိုင်ရာပစ္စည်းအမျိုးမျိုးကို စမ်းသပ်ဖို့ Audio Lab ကို တည်ဆောက်ထားတာဖြစ်ပြီး အများပြည်သူ ဝင်ရောက်လေ့လာကြည့်ရှုခွင့်တော့ မပြုပါဘူး။

Ref: The World’s Quietest Room Is a Scary, Unbearable Place

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top