Crush ဆီက အငြင်းခံလိုက်ရပေမဲ့ အတန်းဖော်တွေရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးနှစ်သိမ့်မှုရရှိခဲ့တဲ့ အော်တစ်ဇင်ကောင်လေး

20.2.2023-image-၁၆.jpg

ကော်လိုရာဒိုပြည်နယ်က ဆယ်ကျော်သက်လေးတစ်ဦးဟာ ချစ်သူများနေ့က ကျောင်းမှာ Crushရဲ့လူသိရှင်ကြားငြင်းတာခံလိုက်ရပါတယ်။ နောက်တော့ သူ့အမေဖြစ်သူ ဟီသာရှာက ဒီအကြောင်းကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ သူ့သားရိုမန်က ၁၄ နှစ်ဖြစ်ပြီး အော်တစ်ဇင်တစ်ယောက်ဖြစ်တယ်။ အရမ်းရှက်တတ်ပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ အဆင်မပြေဘူးဆိုတဲ့အကြောင်း၊ ချစ်သူများနေ့က ကျောင်းမှာ ကောင်မလေးတစ်ယောက်အတွက် ပိုစတာတစ်ခုလုပ်ခဲ့ပြီး နေ့လယ်စာစားချိန် လူအများကြီးရှေ့မှာ သူ့ရဲ့ဗယ်လင်တိုင်းဖြစ်ပေးပါလို့ တောင်းဆိုခဲ့တယ်။ သူ့သား အဲဒီလိုလုပ်မယ်ဆိုတာ သိရင် လူသိရှင်ကြားမလုပ်ဖို့ အကြံပြုခဲ့မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ရိုမန်က သူ့Crush ဆီက အငြင်းခံလိုက်ရတဲ့အချိန်မှာ အရမ်းဝမ်းနည်းသွားခဲ့ရပေမဲ့ သူ့အမေ ဟီသာက အဆင်ပြေသွားမှာပါလို့ နှစ်သိမ့်ပေးခဲ့ပါတယ်။ ဟီသာက သူ့သားဖြစ်ပျက်ခဲ့တာအတွက် ငိုမိခဲ့တယ်။ သူ့သားက တစ်ဖက်သတ်ချစ်ခဲ့တာဖြစ်လို့ သူ့သားကို ငြင်းခဲ့တဲ့အတွက် ကောင်မလေးကို စိတ်မဆိုးပါဘူးတဲ့။ ရိုမန်အတွက် စိတ်မကောင်းဖြစ်ခဲ့တာက သူ့အမေဟီသာတစ်ယောက်တည်းတင်မဟုတ်ပါဘူး။

နောက်တစ်နေ့ ကျောင်းမှာ ရိုမန်ရဲ့အတန်းဖော်တွေက သူ့ကို အားပေးနှစ်သိမ့်ချင်တဲ့အတွက် Valentine Day ကတ်တွေနဲ့ စောင့်ကြိုနေခဲ့ကြပါတယ်။ ကတ်တွေ၊ စာတိုတွေအပြင် ခရက်ရှ်ကို ရိုမန် လုပ်ပေးခဲ့တဲ့ ပိုစတာလိုမျိုး တစ်ခုလည်း ရရှိခဲ့ပါတယ်။ အတန်းဖော်တွေက ရိုမန်ကို သူတို့ရဲ့ဗယ်လင်တိုင်းဖြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ရိုမန်ကလည်း “Yes” လို့ ပြန်ဖြေပေးခဲ့ပါတယ်။

သူ့ရဲ့ဘဝမှာ အကောင်းဆုံးနေ့ရက်တွေထဲကတစ်ရက်ဖြစ်ခဲ့တယ်လို့ ရိုမန်က သူ့အမေကို ပြောခဲ့ပါတယ်။ ရိုမန်က အတန်းဖော်တွေဆီက လက်ခံရရှိခဲ့တဲ့ ပိုစတာကိုလည်း သူ့အခန်းနံရံမှာ ချိတ်ဆွဲထားပါတယ်။ ကတ်တွေကိုလည်း သိမ်းထားပါတယ်။

Ref: Boy with autism showered with Valentines from school after being rejected by his crush

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top