ကလေး ၂၂ ယောက်ကို စောင့်ရှောက်ဖို့ အခက်တွေ့နေတဲ့ ၂၃ နှစ်အရွယ်မိခင်

11-7-2022-16.jpg

၂၃ နှစ်အရွယ် ရုရှားနိုင်ငံသူ ခရစ္စတီနာအော့ဇ်တက်(Cristina Ozturk)နဲ့ ၅၇ နှစ်အရွယ် တူရကီနိုင်ငံသား ဂါလစ်အော့ဇ်တက်တို့ လင်မယားဟာ ကလေး ၁၀၅ ယောက်ရှိတဲ့ မိသားစုကြီး ဖန်တီးဖို့ ရည်ရွယ်ခဲ့ကြပါတယ်။

အခုချိန်မှာတော့ ကလေး ၂၂ ယောက် ရှိနေပြီဖြစ်ပေမဲ့ ဂါလစ်က အဖမ်းခံလိုက်ရလို့ ခရစ္စတီနာ တစ်ယောက်တည်း ကလေးတွေကို စောင့်ရှောက်ဖို့ အခက်တွေ့နေပါတယ်။အရင်က အဖော်အချွတ်မယ်တစ်ဦးဖြစ်တဲ့ ခရစ္စတီနာဟာ အသက် ၁၇ နှစ်အရွယ်မှာ Single Mother ဖြစ်ခဲ့သူပါ။ သူဟာ ဂျော်ဂျီယာနိုင်ငံကို ခရီးထွက်လာချိန်မှာ ဟိုတယ်ပိုင်ရှင် သန်းကြွယ်သူဋ္ဌေး ဂါလစ်နဲ့ တွေ့ဆုံခဲ့ပြီး လက်ထပ်ခဲ့ကြတာပါ။

သူတို့လင်မယားဟာ ကလေးတွေအများကြီးယူဖို့ စိတ်အားထက်သန်ခဲ့ကြပြီး အငှားကိုယ်ဝန်ဆောင်မိခင်တွေ ငှားရမ်းကာ တစ်နှစ်အတွင်း ကလေးအယောက် ၂၀ ယူခဲ့ကြတာပါ။ အဲဒီအတွက် အမေရိကန်ဒေါ်လာ ၁၆၆,၀၀၀ ကုန်ကျခဲ့ပြီး ကလေးထိန်း ၁၆ ယောက် ငှားရမ်းစရိတ်က တစ်နှစ်ကို ဒေါ်လာ ၈၂,၀၀၀ ကျော် ကုန်ကျခဲ့ပါတယ်။

တူရကီစီးပွားရေးလုပ်ငန်းရှင် ဂါလစ်ဟာ ၁၉၉၆ ခုနှစ်က ကိုဆီယိုဂလူလို့ အမည်ရသူတစ်ယောက်ကို သတ်ဖြတ်မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူပါ။ ဒါပေမဲ့ အယူခံတရားရုံးက သူ့ရဲ့ ပြစ်ဒဏ်ကို အတည်ပြုခဲ့ပြီးနောက်တော့ ဂါလစ်က ဂျော်ဂျီယာနိုင်ငံကို ထွက်ပြေးခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ကလေးချစ်တတ်တဲ့ သူတို့လင်မယားနှစ်ယောက်ရဲ့ မိသားစုဘဝအကြောင်း သတင်းပျံ့နှံ့သွားချိန်မှာ တူရကီအာဏာပိုင်တွေက ဂါလစ်ကို တွေ့ရှိသွားခဲ့တာပါ။ အဲဒီအတွက် ဂါလစ်ကို အထူးစစ်ဆင်ရေးတစ်ရပ်နဲ့ ဖမ်းဆီးခဲ့ကြပါတယ်။ဂါလစ် အဖမ်းခံရပြီးနောက်မှာတော့ ခရစ္စတီနာဟာ ကလေး ၂၂ ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အခက်အခဲ ကြုံနေရပါတယ်။

Ref: Mom With 22 Kids Says Life Is Hard With Millionaire Hubby In Prison

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top