သူ့ကို ကောလိပ်ဘွဲ့ရစေချင်တဲ့ ကွယ်လွန်သူမိခင်ရဲ့ဆန္ဒကို အသက် ၆၀ နှစ်မှာ ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အမျိုးသား

30.1.2025-yyl-5.jpg

အယ်လန် ဘရူခ်ဟာ သူ့မိခင်ဖြစ်သူ ဆာရက်ပါလ်ဘရူခ်ကို သူ ကောလိပ်ကျောင်းပြီးအောင်လုပ်မယ်လို့ ကတိပေးလာခဲ့တာ နှစ်တော်တော်ကြာပါပြီ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။ အသက် ၆၀ အရွယ် အယ်လန်က Alabama A&M University ကနေ Libera Studies ဘွဲ့ကို ရရှိသွားခဲ့တာပါ။

သူဟာ အချိန်ပြည့်အလုပ်တစ်ဖက်နဲ့ အတန်းတက်ခဲ့တာဖြစ်လို့ သူ့အတွက် ခက်ခဲခဲ့ပါတယ်။ တစ်နေ့ကို ၈ နာရီအလုပ်လုပ်ပြီး ကျောင်းသွားခဲ့ရပေမဲ့ ဒါက ထိုက်တန်ပါတယ်လို့ အယ်လန်က ဆိုပါတယ်။

သူ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ စင်ပေါ် ဘွဲ့တက်ယူတဲ့ အခိုက်အတန့်ကိုလည်း သူ့သမီးဖြစ်သူက မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုက TikTok မှာ ကြည့်ရှုသူ သန်း ၅၀ ကျော်သွားခဲ့ပါတယ်။

အယ်လန်ဟာဆိုရင် Alabama A&M University မှာ ၁၉၈၂ ခုနှစ်က ပညာသင်ဆုရပြီး ကျောင်းတက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ရမှတ်တွေမကောင်းလို့ ကျောင်းပြီးအောင်မတက်ခဲ့ရဘဲ ၁၉၈၂ ခုနှစ်မှာ ကျောင်းထွက်ခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အယ်လန်က သူ့ဘဝနဲ့သူဆက်ပြီး ကိုယ်ပိုင်မိသားစုတစ်ခုထူထောင်ခဲ့ပေမဲ့ သူ့အမေကတော့ သူ့ကို ကျောင်းပြီးအောင်လုပ်ဖို့ အမြဲတိုက်တွန်းခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၀ ခုနှစ်မှာတော့ Alabama A&M University မှာ ထပ်ပြီးဝင်ခွင့်လျှောက်ခဲ့ပြီး အချိန်ပြည့်အလုပ်လုပ်ရင်း အတန်းတက်ခဲ့ပါတယ်။ ကျောင်းတက်ရတာမလွယ်ကူခဲ့ပေမဲ့ သူ့မိသားစု၊ အထူးသဖြင့် သူ့အမေက သူ လိုအပ်တဲ့အထောက်အပံ့တွေပေးခဲ့ပါတယ်။

စိတ်မကောင်းစရာကတော့ အယ်လန် ဘွဲ့မယူခင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ သူ့အမေ သေဆုံးသွားခဲ့ပါတယ်။ သူ့အမေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်နိုင်ခဲ့ပေမဲ့ သူ့အမေကတော့ သူ ဘွဲ့ယူတာကို မြင်တွေ့ခွင့်မရခဲ့လိုက်ပါဘူး။

အယ်လန်က သူ့အမေအတွက် သူ့ဘွဲ့ရအောင်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပြီး သူ့ရဲ့ဇာတ်လမ်းက အခြားသူတွေ သူတို့ရဲ့ကိုယ်ပိုင်အိပ်မက်တွေကို နားလည်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref: Man fulfills late mom’s wish and graduates college at 60

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top