လီဗာပူးမြို့က လူငယ်လေးတစ်ဦးဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ခရီးမထွက်ခင်ရက်မှာ သူ့ကို easyJet လေကြောင်းလိုင်းကနေ လေယာဉ်စီးခွင့် ၁၀ နှစ်တာ ပိတ်ပင်လိုက်တာကို သိခဲ့ရတယ်။ အသက် ၂၁ နှစ်အရွယ် ကီရန် ဟာရစ်ဆိုတဲ့ အဲဒီကောင်လေးက မေလ ၂၅ ရက်နေ့မှာ စပိန်နိုင်ငံ၊ အလီကန်တီမြို့ကို သွားတဲ့လေယာဉ်ကို ဘိုကင်တင်ခဲ့တာပါ။ ဒါပေမဲ့ သူ မသွားခင်တစ်ရက်မှာ သူ့ရဲ့နာမည်နဲ့မွေးနေ့တွေကြောင့် လေယာဉ်စီးခွင့်ပိတ်သိမ်းခံရတယ်ဆိုတာကို သိလိုက်ရတာပါ။
လေကြောင်းလိုင်းက လေယာဉ်စီးခွင့်ပိတ်ပင်ခံရတယ်ဆိုတဲ့ Email ပို့တော့ သူ ထိတ်လန့်သွားခဲ့တယ်။ “ယခင်က အနှောင့်အယှက်ပေးတဲ့အပြုအမူကြောင့် ကီရန်ကို ၁၅/၀၃/၂၀၃၁ အထိ လေယာဉ်စီးခွင့် ၁၀ နှစ်တာ ပိတ်ပင်တယ်”လို့ email မှာ ဖော်ပြပါတယ်။ နောက်တော့ သူ့ရဲ့နာမည်နဲ့မွေးနေ့တွေက အနှောင့်အယှက်ဖြစ်စေတဲ့အတွက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ခရီးသည်ဟောင်း၊ ပြစ်ဒဏ်ချခံရတဲ့ရာဇဝတ်သားတစ်ဦးနဲ့ ဆင်တူနေတာကို ကီရန် သိခဲ့ရပါတယ်။
![](https://yoyarlay.com/wp-content/uploads/2023/06/7.6.2023-yyl-3.jpg)
အဲဒီလူဟာ ၂၀၂၁ ခုနှစ်က easyJet လေယာဉ်ပေါ်မှာ အရက်မူးပြီး ကြမ်းတမ်းစွာရိုင်းပျစော်ကားမှုနဲ့ ထောင်ဒဏ် ၁၂ ပတ်ချမှတ်ခံခဲ့ရတာပါ။ လေကြောင်းလိုင်းက ကီရန်ကို အဲဒီလူလို့ ထင်မှတ်သွားခဲ့တာကြောင့် လေယာဉ်စီးခွင့် ပိတ်ခဲ့တာပါ။ နောက်ပိုင်းမှာ လေကြောင်းလိုင်းက ကီရန်ရဲ့သရုပ်မှန်ကို အတည်ပြုပြီးနောက် မှားယွင်းပြီး ပိတ်ပင်မိတာကို ရုတ်သိမ်းပေးခဲ့ပါတယ်။ အဲဒီပြဿနာဖြေရှင်းနိုင်ခဲ့ပေမဲ့ ကီရန်က စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့အတွက် easyJet လေကြောင်းလိုင်းကို Boycott ချင်နေပါတယ်။
ရာဇဝတ်သားနဲ့ အမှတ်မှားခံရတာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့နှစ်က ကီရန်ကို Metropolitan Police ရဲတပ်ဖွဲ့က လူမှားပြီး ကျည်ကာဝတ်စုံတွေနဲ့ သူ့ရဲ့အိမ်ကိုစီးနင်းခဲ့ပါသေးတယ်။
Ref: Man Gets Banned From Airline For 10 Years All Because Of His ‘Name And Date Of Birth’
WL (ရိုးရာလေး)