Adidas ကြော်ငြာအတွက် ရွေးချယ်ခံခဲ့ရတဲ့ ၈၅ နှစ်အရွယ် အဘွားအို

1.4.2023-yyl-iamge-1.jpg

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က အသက် ၈၅ နှစ်အရွယ် အဘွားအိုဟာ Adidas ကြော်ငြာသစ်အတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ဘာဘရာသာကရေးဟာ အပြေးပြိုင်ပွဲတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အခုလို ရွေးချယ်ခံရတာပါ။

သူဟာ လွန်ခဲ့တဲ့ ၈ နှစ်က ညီမဖြစ်သူ ကုသမှုခံယူခဲ့ဖူးတဲ့ စိန့်အန်းဆေးရုံအတွက် ရန်ပုံငွေ တိုးမြင့်ရရှိဖို့ ပြေးပွဲ ဝင်ခဲ့တာပါ။ အဲဒီအချိန်က အသက် ၇၇ နှစ် ရှိပါပြီ။ သူ့ကို ကျန်းမာကြံ့ခိုင်နေစေတဲ့ အပြေးအားကစားကို လိုက်စားနိုင်ခဲ့တာ ဝမ်းမြောက်ကျေနပ်မိတယ်လို့ ဘာဘရာသာကရေးက ဆိုပါတယ်။

ဘာဘရာသာကရေးဟာ အခုလအစောပိုင်းကလည်း Run North West Trafford ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲမှာ အသက် ၈၀ အထက် တစ်ဦးတည်းသော ပြိုင်ပွဲဝင်အဖြစ် ပန်းတိုင်ရောက်အောင် ပေးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သူ့ဘဝရဲ့အကောင်းဆုံးစံချိန်အဖြစ် ၁၀ ကီလိုမီတာကို ၈၅ မိနစ်တည်းနဲ့ ပြေးနိုင်ခဲ့တာပါ။

Ref: An 85-Year-Old Runner Has Been Chosen To Be One Of The Faces Of The New Adidas Ad

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top