သဘောတူကြည်ဖြူမှုရှိမှ ဖွင့်လို့ရမယ့် “Consent Pack” Condom ဗူး

https___cdn.cnn_.com_cnnnext_dam_assets_190410110741-02-condom-consent-four-hands.jpg

“ကွန်ဒုံးဗူးသစ်တစ်ဗူးကို ဖောက်တဲ့ကိစ္စက လွယ်မလား…ခက်မလား”လို့မေးရင် ဘယ်သူမဆို “လွယ်တာပေါ့” လို့ပဲ ပြန်ဖြေကြမှာပါ။ ဒါပေမဲ့ အာဂျင်တီးနားကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်တဲ့ ကွန်ဒုံးအမျိုးအစားသစ်ရဲ့ဗူးကိုတော့ ဘယ်သူမှ လွယ်လွယ်နဲ့ ဖွင့်လို့မရနိုင်ပါဘူး။

“ကွန်ဒုံးဗူးသစ်တစ်ဗူးကို ဖောက်တဲ့ကိစ္စက လွယ်မလား…ခက်မလား”လို့မေးရင် ဘယ်သူမဆို “လွယ်တာပေါ့” လို့ပဲ ပြန်ဖြေကြမှာပါ

ဒီကွန်ဒုံးဗူးခွံမှာ တမူထူးခြားတဲ့စနစ်ကိုသုံးထားတာမို့ လိင်ဆက်ဆံခါနီး ဗူးကိုဖွင့်မယ်ဆိုရင် လိင်ကိစ္စအတွက် နှစ်ဦးနှစ်ဘက် သဘောတူကြည်ဖြူထားကြတဲ့ လူ (၂) ဦး ရဲ့လက် (၄) ဘက်လိုအပ်မှာဖြစ်ပြီး ဗူးရဲ့အပေါ်ဘက်နဲ့ ဘေးဘက်တွေကခလုတ်တွေကို တပြိုင်တည်းဖိနှိပ်လိုက်မှသာ ဗူးကပွင့်လာမှာ ဖြစ်ပါတယ်။

လက် (၄) ဘက်လိုအပ်မှာဖြစ်ပြီး ဗူးရဲ့အပေါ်ဘက်နဲ့ ဘေးဘက်တွေကခလုတ်တွေကို တပြိုင်တည်းဖိနှိပ်လိုက်မှသာ ဗူးကပွင့်လာမှာ ဖြစ်ပါတယ်
သဘောတူကြည်ဖြူမှုဟာ လိင်မှုရေးရာမှာ အရေးကြီးတဲ့အရာ” စတဲ့စာသားတွေကိုလည်း အဲဒီကွန်ဒုံးကြော်ငြာဗီဒီယိုမှာ စာတန်းထိုးဖော်ပြထားပါသေးတယ်

“သဘောတူကြည်ဖြူမှုမရှိရင် သာယာကျေနပ်မှုကိုမရနိုင်ဘူး” “သဘောတူကြည်ဖြူမှုဟာ လိင်မှုရေးရာမှာ အရေးကြီးတဲ့အရာ” စတဲ့စာသားတွေကိုလည်း အဲဒီကွန်ဒုံးကြော်ငြာဗီဒီယိုမှာ စာတန်းထိုးဖော်ပြထားပါသေးတယ်။

ကြော်ငြာဗီဒီယိုလင့်ခ် – https://bit.ly/2Ub3W14

“Consent Pack” လို့ အမည်ပေးထားတဲ့ ဒီကွန်ဒုံးဒီဇိုင်းအသစ်ကို အာဂျင်တီးနား ကြော်ငြာအေဂျင်စီတစ်ခုဖြစ်တဲ့ BBDO က လိင်ဖျော်ဖြေရေးအရုပ်တွေနဲ့ ကွန်ဒုံးတွေ ထုတ်လုပ်ရောင်းချနေတဲ့ Tulipan ကုမ္ပဏီအတွက် ဖန်တီးပေးထားတာပါ။

BBDO ကြော်ငြာအေဂျင်စီရဲ့ဒီဇိုင်းဖန်တီးမှုဒါရိုက်တာတွေဖြစ်တဲ့ ယော်ကွင်း ကမ်ပင်းစ် (Joaquin Campins) နဲ့ ခရစ္စရှန် ရော့စ်လီ (Christian Rosli) တို့က “လိင်မှုရေးရာကိစ္စအတွက် အရေးအကြီးဆုံးအချက်လို့ဆိုရမယ့် ‘အပြန်အလှန် သဘောတူကြည်ဖြူမှုရှိမှ သာယာကျေနပ်မှုရမယ်’ ဆိုတာကို ထည့်တွက်၊ နားလည်ရမယ်လေ။ ဒါကြောင့်ပဲ ဒီကွန်ဒုံးဗူးဒီဇိုင်းကို ဖန်တီးဖြစ်ခဲ့တာပါ” လို့ ပြောပြခဲ့ပါတယ်။

လောလောဆယ်မှာ ဒီကွန်ဒုံးဒီဇိုင်းသစ်ကို ဗျူနို အေးရီးစ် (Buenos Aires) အနီးဝန်းကျင်က ပွဲအခမ်းအနားတွေကိုတက်ရောက်သူတွေနဲ့ ဘားတွေကိုလာတဲ့ ဖောက်သည်တွေအတွက်ပဲ ကန့်သတ်ရောင်းချဦးမှာဖြစ်

လောလောဆယ်မှာ ဒီကွန်ဒုံးဒီဇိုင်းသစ်ကို ဗျူနို အေးရီးစ် (Buenos Aires) အနီးဝန်းကျင်က ပွဲအခမ်းအနားတွေကိုတက်ရောက်သူတွေနဲ့ ဘားတွေကိုလာတဲ့ ဖောက်သည်တွေအတွက်ပဲ ကန့်သတ်ရောင်းချဦးမှာဖြစ်ပြီး နောက်ပိုင်းမှာ အွန်လိုင်းကနေရောင်းချပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီကွန်ဒုံးဒီဇိုင်းသစ်ဟာ HIV ကုထုံးဝန်ဆောင်မှုပေးနေတဲ့ AHF Argentina က လူပေါင်း (၃၀၀၀၀) ကို မေးမြန်းစစ်တမ်းကောက်ယူမှုပြီးတဲ့နောက်မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ AHF ရဲ့စစ်တမ်းအရ အာဂျင်တီးနားအမျိုးသားအားလုံးမှာ လိင်ဆက်ဆံချိန် အကာအကွယ်မသုံးသူ (၂၀.၅%) နဲ့ ရံဖန်ရံခါသုံးသူ (၆၅%) ရှိနေပြီး ပုံမှန်သုံးသူက (၁၄.၅%) သာရှိနေတာကို တွေ့ရပါတယ်။

Ref: CNN “A new condom emphasizes consent by requiring four hands to open the package”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top