တောင်ကိုရီးယားနိုင်ငံမှ ဆိုလာအမိုးတပ် စက်ဘီးလမ်း

7.6.2023-yyl-4.jpg

အခုမြင်တွေ့ရတာကတော့ တောင်ကိုရီးယားနိုင်ငံ ဒဲဂျွန်မြို့နဲ့ ဆယ်ဂျွန်မြို့ကြား ၈ လမ်းသွား အမြန်လမ်းအလယ်က ဆိုလာအမိုး တပ်ဆင်ထားတဲ့ စက်ဘီးလမ်းဖြစ်ပါတယ်။ စက်ဘီးလမ်းအကျယ်က ၁၃ ပေ ရှိပြီး ၅ မိုင်ခွဲ ရှည်လျားပါတယ်။ ဆိုလာအမိုး တပ်ဆင်ထားတဲ့ စက်ဘီးလမ်းအရှည်ကတော့ ၃ မိုင် ရှိပါတယ်။

ဆိုလာအမိုးဟာ စက်ဘီးသမားတွေကို အရိပ်ပေးရုံတင်မက သန့်ရှင်းစွမ်းအင်ထုတ်လုပ်ပေးပြီး နှစ်စဉ်ပျမ်းမျှ ၂၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးတာကြောင့် နေအိမ် ၆၀၀ လောက်ကို စွမ်းအင်ပေးနိုင်တဲ့ ပမာဏဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ၂၀၁၄ ခုနှစ်ကတည်းက စက်ဘီးလမ်းမှာ ဆိုလာအမိုး တပ်ဆင်ခဲ့တာပါ။

Ref: Solar panel bike lane generates eco-friendly energy in South Korea

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top