ကင်ဆာရောဂါသည်အတွက် ဘောရစ် ဂျွန်ဆင်ပုံတက်တူးထိုးပြီး ဆေးကုသစရိတ်ရှာပေးခဲ့သူ

15-1-2021-yyl08.jpg

အင်္ဂလန်နိုင်ငံက ကန်နီ ဝိုင်ဒင် (Kenny Wilding) ဆိုတဲ့ အမျိုးသားဟာ ကင်ဆာကုသမှုခံယူနေရတဲ့ အမျိုးသမီးတစ်ယောက်အတွက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ပုံတက်ကူးကို သူ့ရဲ့ဝမ်းဗိုက်မှာ ထိုးပြီး ဆေးကုသစရိတ်ရှာပေးခဲ့ပါတယ်။ လူတိုင်းကြိုက်နှစ်သက်ကြတဲ့ တတ်တူးနဲ့ ၂၀၁၉ခုနှစ် ဇန်နဝါရီလကတည်းက အဆင့် (၄) စအိုကင်ဆာရောဂါကို ခံစားနေရတဲ့ သူငယ်ချင်းရဲ့မိသားစုဝင် အသက် ၂၅ နှစ်အရွယ် မီဂန် စမစ် (Megan Smith) ကို ကူညီပေးခဲ့တာပါ။

မီဂန်ရဲ့မိသားစုက ပေါင် (၁၅၀,၀၀၀) ရှာနိုင်ဖို့ ကြိုးစားနေခဲ့တာပါ။ ဒါမှ အမေရိကန်နိုင်ငံကို သွားပြီး ဆေးကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။ ကန်နီ ထိုးခဲ့တဲ့ တက်တူးက (၂) နာရီလည်းအချိန်ယူခဲ့ရပြီးမှ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ရုပ်ပုံကို အသက်ဝင်လာပါတော့တယ်။ ကင်နီက မီဂန်ရဲ့GoFundMe ပေ့ချ်ကို မြင်မှာ သူ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ပိုက်ဆံလိုအပ်နေတယ်ဆိုတာကို မြင်ပြီး တက်တူးထိုးဖြစ်ခဲ့တာပါ။ “ဒါက သူ အသက်ရှင်နိုင်ဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်တဲ့အတွက် ကျွန်တော် တစ်ခုခုကူညီပေးချင်ခဲ့တာပါ။ ကျွန်တော်ဆီမှာ အခြားတက်တူးတွေလည်းရှိပါတယ်။ ရန်ပုံငွေအများကြီးရှာနိုင်မယ်လို့ ထင်တဲ့အတွက် ဘောရစ် ဂျွန်ဆင်ရဲ့ပုံကို တက်တူးထိုးဖို့ ရွေးချယ်ခဲ့တာပါ။ ဘောရစ်က အကျော်အမောတစ်ယောက်ဖြစ်ပြီး သူ့ပုံကို တက်တူးထိုးတဲ့သူမမြင်ခဲ့ဖူးဘူး” လို့ ကန်နီက ပြောပါတယ်။

ကန်နီက ၂၀၂၀ခုနှစ် မေလတုန်းကလည်း မီဂန် စမစ်ကို အားပေးတဲ့အနေနဲ့ သူ့ရဲ့လက်မောင်းမှာ တက်တူးတစ်ခုထိုးခဲ့ပါသေးတယ်။ ဘောရစ် ဂျွန်ဆင်ပုံတက်တူးကိုတော့ နိုဝင်ဘာလက ထိုးခဲ့ပြီး ပေါင် ၈၀၀ ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ တက်တူးထိုးခ ပေါင် ၂၀၀ ကုန်ကျခဲ့ပေမဲ့ သူ့ရဲ့သူငယ်ချင်းက အဲဒီကုန်ကျစရိတ်အတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ဒီတက်တူးထိုးရတာ နာတယ်။ အစက ဘောရစ်ပုံတက်တူးထိုးရင် နောင်တရမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ လူတိုင်းက ကြိုက်ကြတဲ့အတွက်၊ မီဂန်အတွက် ထိုးပေးခဲ့တာဖြစ်တဲ့အတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး” လို့ ကန်နီက ဆိုပါတယ်။

ကန်နီက မီဂန်တို့မိသားစုကို ဆေးကုစရိတ်အတွက် ငွေရှာနိုင်ဖို့ တက်တူးတစ်ခုထိုးနေတယ်လို့ ပြောတော့ သူတို့မိသားစုက ရယ်ခဲ့ကြတယ်လို့ မီဂန်ရဲ့အစ်မက ပြောပါတယ်။ ဒါပေမဲ့ ဒါက ကောင်းတဲ့စိတ်ကူးဖြစ်ခဲ့ပါတယ်။ မီဂန်ဟာ စအိုကင်ဆာဖြစ်တယ်လို့ မသိခင်က ခရွန်းရောဂါ (Crohn’s disease) ဖြစ်တယ်လို့ ထင်ခဲ့တာပါ။ ဆရာဝန်တွေက စအိုကင်ဆာလူနာ ၈ ရာခိုင်နှုန်းမှာသာ တွေ့ရတဲ့ ရှားပါးအမျိုးအစားရှိတယ်ဆိုတာကို တွေ့ခဲ့ရတာပါ။ ကင်ဆာဆဲလ်တွေ အရမ်းပျံ့နှံ့လွယ်တဲ့အတွက် ကုသမှုခံယူဖို့အတွက် Keck Medical Centre ကို ညွှန်ပေးခဲ့ကြတာပါ။ အခုထိတော့ မီဂန်တို့မိသားစုက ဆေးကုသစရိတ်အတွက် ပေါင် (၄၆၀၀၀) ကျော် ရန်ပုံငွေရနေပါတယ်။

Ref: Ladbible “Man Gets Huge Boris Johnson Tattoo To Raise Money For Young Woman Fighting Cancer”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top