အိုလံပစ်ဆုတံဆိပ်ရှင်ရေကူးသမားက ရေနစ်နေတဲ့လိင်တူစုံတွဲကို အသက်ကယ်

66467449_2475126499184922_5536540314325483520_n.jpg

အီတလီနိုင်ငံသား အိုလံပစ်ဆုတံဆိပ်ရှင် ရေကူးသမားက ရေနစ်နေတဲ့ ကြင်စဦး လိင်တူစုံတွဲကို အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကက်ဂလီယာရီမြို့ အရှေ့ဘက် ကာလာဆင်ဇီယက်စ်ကမ်းခြေရဲ့ ကမ်းလွန်ဘက်မှာ ဘီနီဒက်တိုနဲ့ သူ့ခင်ပွန်းက လေမှုတ်အရုပ် စီးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘီနီဒက်တို ရေထဲပြုတ်ကျသွားပြီး ရေကလည်း ထင်ထားတာထက် ပိုအေးနေလို့ သူ့ရဲ့ကျန်းမာရေးအခြေအနေအရ ခြေ၊ လက်တွေ လှုပ်ရှားမရအောင် ဖြစ်ခဲ့ပါတယ်။

ဒီအချိန်က လေပြင်းတိုက်ပြီး လေမှုတ်အရုပ်ကလည်း မျောပါနေပါတယ်။ သူ့ခင်ပွန်းက သူ့ခေါင်းကို ရေပေါ်ပေါ်အောင် ကိုင်ထားချိန်အတွင်း မိတ်ဆွေတွေက အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။

အဲဒီအချိန်မှာ ကမ္ဘာ့ချန်ပီယံဟောင်း အီတလီရေကူးသမား မက်ဂ်နီနီက ရေထဲပြေးဆင်းသွားပြီး အသက်ကယ်အဖွဲ့ ရောက်မလာမချင်း ဘီနီဒက်တိုရဲ့ခေါင်းကို ရေပေါ်ပေါ်နေအောင် ကူညီပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘီနီဒက်တိုကို ဆေးရုံတင်ပို့ခဲ့ပါတယ်။ ဘီနီဒက်တိုဟာ အဲဒီဖြစ်ရပ်မတိုင်ခင် (၂) ရက်အလိုကမှ သူ့ချစ်သူ အမျိုးသားနဲ့ လက်ထပ်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top