မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါဖြစ်နေတဲ့ မိခင်ဖြစ်သူကို အချိန်ပြည့်ပြုစုစောင့်ရှောက်နိုင်ဖို့ အလုပ်ထွက်ခဲ့တဲ့ အမျိုးသား

chinaman.png

အသက် ၃၂ နှစ်အရွယ် တရုတ်အမျိုးသားကျောင်ကျီဆိုသူက မှတ်ဉာဏ်ချို့ယွင်းနေတဲ့ မိခင်ဖြစ်သူကို အချိန်ပြည့်ပြုစုစောင့်ရှောက်ဖို့နဲ့ အတူတူခရီးထွက်ဖို့အတွက် အလုပ်ကနေထွက်ခဲ့ပါတယ်။ ကျောက်ကျီဟာ ကလေးဘဝကတည်းက မိဘတွေကွာရှင်းပြီးနောက် မိခင်ဖြစ်သူရဲ့လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတာပါ။

မှတ်ဉာဏ်ချို့ယွင်းခြင်းကို ခံစားနေရတဲ့ အသက် ၅၈ နှစ်အရွယ်မိခင်ကို ပြုစုစောင့်ရှောက်ဖို့အတွက် ကျောင်ကျီက ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ သူ့ရဲ့အလုပ်ကနေထွက်ခဲ့တာပါ။ သူ့မိခင်ရဲ့မှတ်ဉာဏ်ဟာ အသက် ၂ နှစ်အရွယ်ကလေးတစ်ယောက်လိုဖြစ်နေတာပါ။

ကျောင်ကျီက မိခင်ဖြစ်သူရဲ့စိတ်တွေ နိုးကြားတက်ကြွစေဖို့ တရုတ်နိုင်ငံတစ်ဝှမ်းက မြို့တွေအနှံ့ အတူတူအလည်အပတ်သွားထားပြီးပါပြီ။ လက်ရှိမှာတော့ သူဟာ လက်ထပ်ဖို့အစီအစဉ်မရှိသေးဘဲ သူ့အမေကို ပြုစုစောင့်ရှောက်ဖို့ သူ့အချိန်တွေကို ပေးထားချင်တယ်လို့ ဆိုပါတယ်။ “ကျွန်တော် ငယ်ငယ်က ကျွန်တော့်ကို အမေက ပြုစုစောင့်ရှောက်တယ်။ အခုက အပြန်အလှန်အနေနဲ့ ကျွန်တော်က အမေ့ကို ပြုစုစောင့်ရှောက်တယ်”လို့ ကျောင်ကျီက ပြောပါတယ်။

ကျောင်ကျီရဲ့မိခင်က ဦးနှောက်ရဲ့ ရှေ့ပိုင်းနဲ့temporal lobes တွေမှာ အာရုံကြောဆဲလ်တွေ ဆက်တိုက် ဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့မှတ်ဉာဏ်ချို့ယွင်းမှု (frontotemporal dementia)ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စစ်ဆေးတွေ့ရှိခဲ့ရတာပါ။ အဲ့ဒီရောဂါအတွက် ကုသနည်းမရှိပါဘူး။

အခုဆို ကျောက်ကျီရဲ့အမေက ရင်းနှီးကျွမ်းဝင်တဲ့သူတွေရဲ့မျက်နှာတွေကိုတောင် မမှတ်မိတော့ပါဘူး။ ကလေးတစ်ယောက်လို အစားအသောက်တွေကို မထိန်းနိုင်ဘဲ ဇွတ်စားနေပါတယ်။ တစ်ခါက ဆားပမာဏအများကြီးကို အခြားသူတွေမသိအောင်စားပစ်လို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။ ပုံမှန်မဟုတ်တဲ့အပြုအမူတွေလည်း ပြုမူခဲ့ပြီး သူစိမ်းတွေဆီက အစားအစာတွေယူတယ်၊ စတိုးဆိုင်ကနေ ပိုက်ဆံမရှင်းဘဲ မုန့်တွေယူတာတွေလုပ်ခဲ့ပါတယ်။

ကျောက်ကျီက သူ့အမေနဲ့ပတ်သက်ပြီး ရဲတွေနဲ့ ခဏခဏဖြေရှင်းခဲ့ရပါတယ်။ သူ့အမေကိုယ်စား အခြားသူတွေကို တောင်းပန်တာ၊ လျော်ကြေးပေးတာတွေလုပ်ခဲ့ရပါတယ်။ သူ့အမေရဲ့လုံခြုံရေးအတွက် သူက လျှို့ဝှက်ကင်မရာတွေတပ်ဆင်ထားပါတယ်။ သူ့အမေ အစားနည်းနည်းပဲ စားဖို့အတွက် သေချာဂရုစိုက်ပေးရပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကိုလည်း သိမ်းထားရပါတယ်။ သူတို့သားအမိနှစ်ယောက် အပြင်အတူတူသွားတဲ့အခါ လူမကွဲဖို့ လက်ပတ်ကြိုးချိတ်ပြီးသွားရပါတယ်။

အရင်က ကျောက်ကျီဟာ စုဆောင်းထားတဲ့ငွေတွေနဲ့ အသက်ရှင်ရပ်တည်ခဲ့ပေမဲ့ အခု သူတို့သားအမိရဲ့ဘဝနေထိုင်ရေးအတွက် သူတို့အတူတူ Live stream လုပ်နေပါပြီ။

Ref: Man in China, 32, quits job to travel with & care for mum, 58, with dementia

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top