မိန်းကလေးငယ်ကို အရှင်လတ်လတ် မီးရှို့သတ်လို့ လူ (၁၆) ယောက်ကို စွဲချက်တင်

61456230_2403436703020569_6339684209241620480_n.jpg

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆယ်ကျော်သက်တစ်ဦးဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို တိုင်ကြားခဲ့လို့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အသက် (၁၉) နှစ်အရွယ်ရှိတဲ့ ရာဖီဟာ ပြီးခဲ့တဲ့မတ်လမှာ အစ္စလာမ်ကျောင်းက ကျောင်းအုပ်ကြီးကို အဓိကထားပြီး သူ့အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို တိုင်ကြားခဲ့ပါတယ်။ အဲဒီအတွက် ရဲတပ်ဖွဲ့က အစ္စလာမ်ကျောင်းက ကျောင်းအုပ်ကြီး ဒူလာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဧပြီလ (၆) ရက်နေ့မှာ ရာဖီက အတန်းတင်စာမေးပွဲဖြေဖို့ ကျောင်းသွားချိန်မှာ ကျောင်းခေါင်မိုးပေါ်မှာ ဖြားယောင်းခေါ်ဆောင်ခြင်းခံခဲ့ရပြီး ဘူခါရ်ခြုံထားတဲ့ လူတစ်စုက သူ့ကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ပါတယ်။ သူ့အပေါ် တိုင်ကြားဖွင့်ထားတာကို ရာဖီက မရုပ်သိမ်းပေးလို့ ကျောင်းအုပ်ကြီး ဒူလာက သူ့ကိုသတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီလူစုဟာ ရာဖီတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီဆိုတဲ့ပုံစံမျိုး ဖန်တီးခဲ့ကြပေမဲ့ ရာဖီက မသေခင်မှာ ရဲတပ်ဖွဲ့ကို ဖြစ်ကြောင်းကုန်စင်ထွက်ဆိုနိုင်ခဲ့ပါတယ်။ ရာဖီဟာ အဲဒီဖြစ်ရပ်ကြောင့် ခန္ဓာကိုယ်ရဲ့ (၈၀) ရာခိုင်နှုန်းလောက် မီးလောင်ကျွမ်းခဲ့ပါတယ်။ ရာဖီ အသတ်ခံရတဲ့ဖြစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစုလိုက်အပြုံလိုက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က လူ (၁၆) ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top