ရည်းစားဟောင်းကို သူ့ဆီပြန်လာပေးဖို့ ၂၁ နာရီကြာ ဒူးထောက်တောင်းဆိုခဲ့တဲ့ အမျိုးသား

6.4.2023-yyl-iamge-1.jpg

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်က လူသွားလမ်းပေါ်မှာ ပန်းစည်းနဲ့ ဒူးထောက်နေတဲ့ အမျိုးသားတစ်ဦးပါတဲ့ ဗီဒီယိုဟာ မကြာသေးခင်က တရုတ်လူမှုကွန်ယက် Weibo မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီအမျိုးသားက ရည်းစားဟောင်းရဲ့ရုံးအပြင်ဘက်မှာ သူ့ကို ပြန်လက်ခံပေးဖို့ တောင်းဆိုရင်း ၂၁ နာရီကြာ ဒူးထောက်ခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။

အဲဒီအမျိုးသားဟာ ဒါကျုံမြို့က အဆောက်အဦးရှေ့မှာ မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီကနေ နောက်နေ့မနက် ၁၀ နာရီအထိ ၂၁ နာရီကြာ ဒူးထောက်နေခဲ့တာပါ။ သူ့ရည်းစားဟောင်း စိတ်ပြန်လည်လာဖို့အတွက် မိုးဒဏ်နဲ့ အအေးဒဏ်ကို ရင်ဆိုင်ရင်း ဒူးထောက်နေခဲ့ပါတယ်။ သူ့ဘေးမှာလည်း ပန်းစည်းတစ်စီးကို တွေ့ရပါတယ်။

ဒေသခံတွေက သူ့နားဝိုင်းအုံလာပြီး အခုလိုမလုပ်ဖို့ ဖြောင်းဖြခဲ့ကြပါတယ်။ “ကျွန်တော်တို့အားလုံး သူ့ကို ထွက်သွားအောင် ပြောဖို့ ကြိုးစားခဲ့ကြပါတယ်။ ဆက်ပြီး ဒူးထောက်နေဖို့ မလိုဘူး။ ကောင်မလေးက မင်းရှေ့ပေါ်လာဖို့ ဆန္ဒမရှိဘူး။ မင်းက ဒီမှာ ရှိနေတုန်းပဲ”လို့ လီမျိုးရိုးအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလိုအခြေအနေဖြစ်နေပေမဲ့ သူ့ရဲ့ရည်းစားဟောင်းကို မမြင်တွေ့ခဲ့ရပါဘူး။ ရဲတွေရောက်လာပြီးတော့တောင် သူ့ကို ထွက်သွားဖို့ ဖြောင်းဖြခဲ့ရပါတယ်။ ဒါပေမဲ့ သူက ရဲတွေဖြောင်းဖြတာကို မမှုဘဲ “ဒီမှာ ဒူးထောက်တာက တရားမဝင်ဘူးလား။ တရားဝင်တယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော်ကို တစ်ယောက်တည်းထားခဲ့လိုက်ပါ”တဲ့။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူနဲ့ သူ့ရည်းစားဟောင်းတို့ လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ ရဲအရာတစ်ဦးရဲ့ပြောစကားအရ သိရပါတယ်။ မတ်လ ၂၉ ရက်နေ့ မနက် ၁၀ နာရီမှာတော့ အဲဒီအမျိုးသားက အအေးဒဏ်ကို မခံနိုင်တော့တာကြောင့် ဒူးထောက်နေတဲ့နေရာကနေ ထွက်သွားခဲ့ပါတယ်။

Ref: Man In China Spends 21 Hours On Knees Amid Rain, Begs Ex-Girlfriend To Return

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top