ချစ်သူအမျိုးသမီးရဲ့ LV အိတ်ထဲ ရှူးပေါက်ထည့်ခဲ့တဲ့အမျိုးသား ဒဏ်ငွေ ဝမ် ၁ သန်းခွဲ ချမှတ်ခံရ

19-8-2022-yyl-06.jpg

သူ့ချစ်သူရဲ့ တန်ဖိုးကြီး Louis Vuitton လက်ဆွဲအိတ်ထဲ ရှူးပေါက်ခဲ့တဲ့ အမျိုးသားကို တောင်ကိုရီးယားတရားရုံးက ဒဏ်ငွေ ဝမ် ၁.၅ သန်း (မြန်မာငွေ ၂၅ သိန်းကျော်) ပေးဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။ ချစ်သူကောင်မလေးက အသုံးအဖြုန်းကြီးပြီး အကြွေးတွေ တင်နေတဲ့ကိစ္စကြောင့် စကားများရာကနေ အသက် ၃၁ နှစ်အရွယ် အမျိုးသားက LV လက်ဆွဲအိတ်ကို ယူထုတ်လာပြီး ကောင်မလေးရှေ့မှာတင် အိတ်ထဲကို ရှူးပေါက်ထည့်ခဲ့တာပါ။

ဒီလုပ်ရပ်ကို ဒေါသထွက်သွားတဲ့ အမျိုးသမီးက ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အစောပ့ိုင်းမှာ အမျိုးသားက အိတ်ထဲကို ရှူးပေါက်ထည့်ချင်ယောင် ဆောင်ခဲ့တာပါ၊ အမှန်တကယ် ရှူးမပေါက်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပေမဲ့ အိတ်ထဲက နမူနာတွေကို စစ်ဆေးကြည့်ချိန်မှာ ဆီးနမူနာတွေ့ခဲ့ပြီး အမျိုးသားရဲ့ DNA နဲ့လည်း ကိုက်ညီနေတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာတော့ အမျိုးသားက အိတ်ထဲကို ရှူးပေါက်ထည့်ခဲ့တာ ဝန်ခံခဲ့ပါတယ်။ သူဟာ ပထမဆုံးအကြိမ် ပြစ်ဒဏ်ကျူးလွန်တာဖြစ်လို့ သက်ညှာတဲ့ပြစ်ဒဏ်အဖြစ် နစ်နာကြေး ဝမ် ၁.၅ သန်းပဲ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ကြောင်း ဆိုးလ်ခရိုင် ဗဟိုတရားရုံးရဲ့ တရားသူကြီး ပက်ဟေးရင်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဒီဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ သူတို့ချစ်သူနှစ်ယောက်လည်း လမ်းခွဲလိုက်ကြပါပြီ။

Ref: Man Ordered to Pay Ex-Girlfriend $1,150 After Urinating in Her Louis Vuitton Handbag

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top