လက်သန့်ဆေးရည်ရဲ့အာနိသင်က လက်မှာ ဘယ်လောက်ကြာလဲဆိုတာ သင်သိပါသလား

28-7-2020-yyl-034.jpg

သင့်တင့်တဲ့လက်သန့်ရှင်းရေးကို ထိန်းတာက ရောဂါပိုးကူးစက်နိုင်ခြေကို ကာကွယ်ဖို့အတွက် အရေးကြီးပါတယ်။ ဆပ်ပြာ၊ ရေတို့နဲ့ လက်သန့်စင်ပေးရမယ်ဆိုတဲ့အချက်ကတော့ ပြောပြစရာမလိုအောင် သိထားကြမှာပါ။ ဆပ်ပြာ၊ ရေတို့နဲ့ လက်သန့်စင်ဖို့ မဖြစ်နိုင်တဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ရောဂါပိုးကနေ ကာကွယ်နိုင်ဖို့အတွက် လက်သန့်ဆေးရည်ကို အသုံးပြုကြရပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်က လက်မှာ အချိန်ဘယ်လောက်ကြာကြာ ရှိနေမလဲဆိုတာ သင် သိရဲ့လား။ တကယ်တော့ ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့လက်သန့်ဆေးရည်က အချိန်အကြာကြီးမခံပါဘူးနော်။

လက်သန့်ဆေးရည်နဲ့ လက်ကို ပွတ်ပြီးသန့်စင်ပြီးသွားရင် အချိန် (၂) မိနစ်ပဲ သင့်ကို ရောဂါပိုးမွှားအန္တရာယ်ကနေ ကာကွယ်ပေးနိုင်တာပါ။ ဒါကြောင့် လက်သန့်ဆေးရည်ကို မကြာခဏ အသုံးပြုပေးဖို့ အကြံပြုထားရတာဖြစ်ပါတယ်။ လက်သန့်ဆေးရည်က အပြင်သွားလို့ ရေ၊ ဆပ်ပြာတို့နဲ့ လက်သန့်စင်လို့မရတဲ့အခါမှာသာ ထိရောက်မှုရှိတာဖြစ်ပြီး လက်သန့်ရှင်းရေးအတွက် အကောင်းဆုံးနည်းက ဆပ်ပြာ၊ရေတို့နဲ့ ဆေးကြောသန့်စင်တာဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။

ရောဂါကူးစက်ခံရမှုကနေ ရှောင်ရှားနိုင်ဖို့အတွက် လက်မသန့်စင်ရသေးဘဲနဲ့ မျက်နှာ၊ ပါးစပ်တို့ကို မထိရဘူးဆိုတဲ့အချက်ကို ကျန်းမာရေးအဖွဲ့က ခဏခဏသတိပေးနေရာတာပါ။ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုတဲ့အခါ ပိုးမွှားတွေ သေသွားဖို့အတွက် လက်ကို စက္ကန့် (၃၀) လောက် ပွတ်တိုက်ပေးရမှာဖြစ်တယ်လို့ CDC က အကြံပြုထားပါတယ်။

လက်သန့်ဆေးရည်အသုံးပြုတာက အခြားကောင်းကျိုးတွေရှိသေးလား အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်တွေက ဆပ်ပြာ၊ ရေတို့မရှိတဲ့အခါမှာ အရေးပေါ်အသုံးပြုရတာဖြစ်တယ်လို့ CDC က ဆိုထားပါတယ်။ လက်သန့်ဆေးရည်က ပိုးမွှားတွေအားလုံးကို မသေစေနိုင်ပေမယ့် အရေပြားမှာရှိတဲ့ ရောဂါပိုးမွှားအရေအတွက်ကို မြန်မြန်ဆန်ဆန်နဲ့သိသိသာသာ လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ကူးစက်ရောဂါကနေ ကာကွယ်နိုင်ဖို့အတွက် ဘာလုပ်သင့်လဲ

ရောဂါကူးစက်ခံရမှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ထမင်းမစားခင်၊ မျက်နှာကို လက်နဲ့ မထိခင် လက်တွေကိုသန့်စင်ပေးပါ။ လွန်ခဲ့တဲ့ (၁၀) မိနစ်လောက် လက်သန့်ဆေးရည်သုံးခဲ့ရင်လည်း ထပ်ပြီး လက်သန့်စင်ပေးပါ။ လက်သန့်ဆေးရည်အသုံးပြုမယ်ဆိုရင် လက်တစ်ခုလုံးနှံ့သွားအောင်၊ ခြောက်သွားအောင် စက္ကန့် (၃၀) လောက်ပွတ်ပေးသင့်ပါတယ်။

Ref: This is how long your hand sanitizer really lasts on your hand

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top