အရှားပါးဆုံးသံမဏိနဲ့ထုတ်လုပ်တဲ့ အကောင်းဆုံးဂျပန်ဓား

26-7-2022-yyl01.jpg

ဂျပန်ဓားတွေဆိုတာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်တွေပါ။ ဒီဗီဒီယိုမှာတော့ ဂျပန်နိုင်ငံရဲ့ အရှားပါးဆုံး သံမဏိကို အသုံးပြုပြီး ဂျပန်ဓား ထုတ်လုပ်မှုမြင်ကွင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ထုံးတမ်းစဉ်လာအရ ပန်းပဲဖိုတွေကို အမျိုးသမီးတွေ ပေးဝင်လေ့မရှိပါဘူး။ နတ်ဘုရားတွေ မကြိုက်ဘူးလို့ ဆိုစမှတ်ရှိပါတယ်။ ဒါပေမဲ့ ပန်းပဲသမား ဆုကဲဟီရာကတော့ အဲဒီအယူအဆကို လက်မခံသူပါ။ တိုကျိုမြို့စွန်မှာရှိတဲ့ ဟီရာတာပန်းပဲဖိုဟာ ဆုကဲဟီရာနဲ့ ဇနီးသည် နိုဒိုကာတို့ မောင်တစ်ထမ်း မယ်တစ်ရွက် အလုပ်လုပ်ကြရာ မိသားစုစက်ရုံငယ်လေးပါပဲ။

ဂျပန်တစ်နိုင်ငံလုံးမှာ တာမာဟာဂနဲ(Tamahagane – အဖိုးတန်သံမဏိဟု အဓိပ္ပာယ်ရ) သံမဏိကနေ ဓားထုတ်လုပ်တဲ့ ပန်းပဲဖို ၃ ခုလောက်ပဲ ရှိပါတယ်။ တာမာဟာဂနဲသံမဏိဆိုတာ သံသဲမှုန့်( Iron Sand)တွေကနေ ထုတ်လုပ်တာပါ။

သံလိုက်တုံးသုံးပြီး သံသဲမှုန့်တွေထဲကနေ သံမှုနံတွေကို သီးသန့်ရွေးထုတ်ရပါတယ်။ အဲဒီနောက် မီးပြင်းဖိုထဲမှာ သံမှုန့်တွေကို သံရည်ကြိုလိုက်တဲ့အခါ သံမဏိအစိုင်အခဲတွေ ရပါတယ်။

သံမဏိအစိုင်အခဲတွေကို ဓားတစ်ချောင်းစာပမာဏ ဖြတ်တောက်၊ ပုံသွင်း၊ မီးပြင်းပြင်းနဲ့ သံသေအောင် လုပ်၊ ဓားသွားဖော်ရတာပါ။ ဒီနည်းလမ်းဟာ ဆာမူရိုင်းဓားတွေ ထုတ်လုပ်တဲ့အတိုင်းပါပဲ။ အချိန်ကုန်၊ လူပန်းပြီး ကုန်ကျစရိတ်လည်း ပိုများပေမဲ့ နောက်ဆုံးရလဒ်ကတော့ ပြိုင်စံရှားဓားတွေကို ရရှိစေတာ ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top