Eras Tour ဖျော်ဖြေပွဲမှာ တေလာဆွစ်ဖ်ဆီက လက်မှတ်ပါဦးထုပ် လက်ဆောင်ရခဲ့တဲ့ ၁၁ နှစ်အရွယ်ကလေးမလေး

5.3.24-yyl-1.jpg

စင်ကာပူနိုင်ငံက ၁၁ နှစ်အရွယ်ကလေးမလေးကတော့ သူ့ရဲ့အိပ်မက်တစ်ခု တကယ်ဖြစ်လာခဲ့ပါတယ်။ မတ်လ ၂ ရက်နေ့က စင်ကာပူမှာကျင်းပတဲ့ တေလာဆွစ်ဖ်ရဲ့ The Eras Tour ဖျော်ဖြေပွဲ ပထမညမှာ ဂျီဆဲလ် ဟန် ဆိုတဲ့ ကလေးမလေးက တေလာဆွစ်ရဲ့လက်မှတ်ပါ 22 ဦးထုပ်ကို လက်ခံရရှိတဲ့ ကံကောင်းတဲ့သူဖြစ်ခဲ့ပါတယ်။

တေလာဆွစ်ဖ်ဟာ The Eras Tour ဖျော်ဖြေပွဲတွေတင်ဆက်တဲ့အချိန်အတွင်း 22 သီချင်း သီဆိုဖျော်ဖြေစဉ် သူ ဆောင်းထားတဲ့ အနက်ရောက်ဦးထုပ်ကို ပရိသတ်ဆီ လက်ဆောင်ပေးတဲ့ အစဉ်အလာရှိပါတယ်။ အဲဒီဦးထုပ်မှာ တေလာရဲ့လက်မှတ်ပါရှိပါတယ်။

မတ်လ ၂ ရက်နေ့ညကတော့ ဂျီဆဲလ်ဟန်က တေလာရဲ့အနက်ရောင်ဦးထုပ်ကို ရရှိသွားခဲ့ပြီး သူတို့ စကားအနည်းငယ်ပြောခဲ့ကြတဲ့အပြင် ပွေ့ဖက်ခဲ့ကြပါတယ်။ မမေ့နိုင်စရာအခိုက်အတန့်လေးကို ဂျီဆဲလ်က ပြန်ပြောပြခဲ့တာပါ။ ဖျော်ဖြေပွဲအတွင်း ဝန်ထမ်းတစ်ယောက်က သူ့ကို စတိတ်စင်နဲ့နီးတဲ့နားကို ခေါ်လာခဲ့ပါတယ်။ သူ မမြင်ရမှာဆိုးလို့ ဖျော်ဖြေတင်ဆက်တာကို ကောင်းကောင်းမြင်ရဖို့အတွက် အခုလို ခေါ်ဆောင်လာခဲ့တယ်လို့ ထင်ခဲ့တာပါ။

ဒါပေမဲ့ Look What You Make Me Do သီချင်းပြီးတဲ့နောက် ဝန်ထမ်းတစ်ဦးက သူ့ကို စတိတ်စင်နေရာကို ခေါ်ဆောင်လာခဲ့တော့မှ တစ်ခုခုဖြစ်တော့မယ်ဆိုတာ သိလိုက်ရတာပါ။ အဲ့ဒီနောက် တေလာက စင်ပေါ်ကို 22 ဦးထုပ်နဲ့ ပြန်လာခဲ့ပြီး အဲ့ဒီဦးထုပ်ကို ရတော့မယ်ဆိုတာ ဂျီဆဲလ် သိလိုက်ရပါတယ်။ ဦးထုပ်ကို ရပြီးတဲ့နောက် တေလာကို တင်းကျပ်စွာပွေ့ဖက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

Ref: S’porean Giselle Heng, 11, gets autographed ’22 hat’ from Taylor Swift on 1st night of ‘Eras Tour’ concert

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top