ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုမှာ သေဆုံးခဲ့သူတွေအတွက် အီရန်နိုင်ငံကမ်းလှမ်းတဲ့နစ်နာကြေးကို ယူကရိန်း မကျေနပ်

yyl-010.jpg

ခရီးသည်တင်လေယာဉ် ပစ်ချခံရလို့ သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုအတွက် အီရန်နိုင်ငံက ကမ်းလှမ်းတဲ့ နစ်နာကြေးကို မကျေနပ်နိုင်ဘူးလို့ ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောပါတယ်။ ဇန်နဝါရီလ ၈ ရက်မှာ တီဟီရန်မြို့ကနေ ကိဗ်မြို့ကို ဦးတည်ပျံသန်းမယ့် ယူကရိန်းခရီးသည်တင်လေယာဉ်ကို လေဆိပ်ကနေ ပျံတက်ပြီးမကြာခင်အချိန်အတွင်း အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့က ပစ်ချခဲ့ပါတယ်။ အစောပိုင်းမှာ အီရန်အစိုးရက ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ယူကရိန်းလေယာဉ်ကို ပစ်ချခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ ယူကရိန်းနိုင်ငံသား ၁၁ ယောက်အပါအဝင် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၇၆ ဦးလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။

”အီရန်နိုင်ငံဘက်က ကျန်ရစ်သူမိသားစုတစ်စုကို အမေရိကန်ဒေါ်လာ ၈၀၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီပမာဏက အရမ်းနည်းလွန်းတယ်။ ကျွန်တော်တို့ နစ်နာကြေးပိုပေးဖို့ တောင်းဆိုထားပါတယ်”လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောပါတယ်။ အီရန်နိုင်ငံဘက်က လေယာဉ်ပျံသန်းမှုမှတ်တမ်းတင်စက်(Black box)တွေ လွှဲပြောင်းပေးအပ်မှာကို ယူကရိန်းနိုင်ငံက စောင့်ဆိုင်းနေရတုန်းပဲလို့ ဇီလင်စကီးက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top