လိဂ်ပြိုင်ပွဲမှာ အဝေးကွင်း ၃ ပွဲဆက်ရှုံးနိမ့်မှု ကြုံတွေ့ခဲ့တဲ့ မန်စီးတီး

6-7-2020-yyl-017.jpg

ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာအတွက် မှတ်တမ်းဆိုးတစ်ရပ် ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လိဂ်ပြိုင်ပွဲမှာ အဝေးကွင်းပွဲစဉ် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းပိုင်ဆိုင်ခဲ့တာပါ။ မန်စီးတီးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲတွေ မရပ်နားခင် မန်ချက်စတာဒါဘီပွဲမှာ ရှုံးနိမ့်ခဲ့သလို ချဲလ်ဆီးကိုလည်း ၂-၁ ဂိုးနဲ့ ရှုံးခဲ့လို့ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်းလက် ဝကွက်အပ်ခဲ့ရပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာလည်း ဘောလုံးပိုင်ဆိုင်မှုအသာ(၇၄ ရာခိုင်နှုန်း)၊ ဂိုးပေါက်ကန်သွင်းမှု ၂၆ ကြိမ်၊ ထောင့်ကန်ဘော ၁၃ ကြိမ်အထိ ရရှိခဲ့ပြီး တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ဘဲ ချီအဒမ်ရဲ့ အဝေးကန်ချက်ကြောင့် ရှုံးနိမ့်ခဲ့တာပါ။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂွာဒီယိုလာဟာ အရင်တုန်းက လိဂ်ပြိုင်ပွဲမှာ အဝေးကွင်းပွဲစဉ် ၃ ပွဲဆက်တိုက် မရှုံးခဲ့ဖူးပါဘူး။ မန်စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီက နည်းပြပယ်လီဂရီနီလက်ထက်နောက်ပိုင်း ရှုံးပွဲအများဆုံး ကြုံတွေ့တဲ့ရာသီအဖြစ် စံချိန်တင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top