မှတ်တမ်းကောင်းတစ်ရပ် ရေးထိုးလိုက်ပြန်တဲ့ မက်ဆီ

6-7-2020-yyl-016.jpg

ဗီလာရီးရဲလ်ကို ၁-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၁၉ ကြိမ် လုပ်နိုင်ခဲ့ပြီး ၂၀၁၄-၁၅ ရာသီနောက်ပိုင်း လာလီဂါပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထက် လုပ်နိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ မက်ဆီဟာ လာလီဂါပြိုင်ပွဲမှာ ဂိုးဖန်တီးမှု အများဆုံးလုပ်နိုင်တဲ့ ကစားသမားအဖြစ် ရပ်တည်နေသလို လာလီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာလည်း သွင်းဂိုး ၂၂ ဂိုးနဲ့ ထိပ်ဆုံးနေရာမှာရှိနေပါတယ်။

ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ ဘာစီလိုနာအသင်း တိုက်စစ်မှူး ဆွာရက်ဇ်အတွက်လည်း အမှတ်တရပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအတွက် တစ်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဂန္ထဝင်ကစားသမားဟောင်း ကူဘလာနဲ့ တူညီသွားခဲ့ပြီး သွင်းဂိုး ၁၉၄ ဂိုးအထိ ရှိနေပါတယ်။ ဆွာရက်ဇ်ထက် ဂိုးပိုသွင်းပေးနိုင်တာကတော့ မက်ဆီနဲ့ ဆီဇာရိုဒရီဂွက်ဇ်တို့ပဲ ရှိပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top