Games of Thrones မင်းသားကို ဂျာစီလက်ဆောင်ပေးခဲ့တဲ့ ဆိုးလ်ရှား

ss6.jpg

လီဗာပူးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်ယူနည်းပြ ဆိုးလ်ရှားက မန်ယူပရိသတ်ဖြစ်တဲ့ Games of Thrones မင်းသား ကစ်ဟာရင်တန်ကို မန်ယူဂျာစီ လက်ဆောင်ပေးခဲ့ပါတယ်။ Games of Thrones ဇာတ်ကားမှာ ဂျွန်စနိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟာရင်တန်ဟာ “King in the North” (မြောက်ပိုင်းဘုရင်) လို့ ရေးသားထားတဲ့ မန်ယူဂျာစီကို ကိုင်မြှောက်ပြီး ဆိုးလ်ရှားနဲ့အတူ
ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။

” မြောက်ပိုင်းဘုရင်တစ်ပါးမှသည် နောက်ထပ်ဘုရင်တစ်ပါးဆီသို့။ Games of Thrones မင်းသား ကစ်ဟာရင်တန်ကို အိုးထရက်ဖို့ဒ်ကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”လို့ မန်ယူအသင်းက တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ဟာရင်တန်ဟာ ပေါ့ဘာ၊ လင်ဒီအော့ဖ်၊ စမောလင်းတို့နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top