ဖားကန့်မြေပြိုမှုကြောင့် ထိခိုက်ခဲ့တဲ့ လူတွေအတွက် အွန်လိုင်းပရဟိတ ဈေးရောင်းပွဲပြုလုပ်မယ့် ဖိုးချစ်

6-7-2020-yyl-018.jpg

ဖားကန့်မြေပြိုမှုကြောင့် ထိခိုက်ခဲ့တဲ့ လူတွေအတွက် အွန်လိုင်းပရဟိတ ဈေးရောင်းပွဲပြုလုပ်ကာ လှူဒါန်းသွားဖို့ စီစဉ်နေတယ်လို့ ဇာတ်သဘင်ပညာရှင် ဖိုးချစ်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေားသားထားပါတယ်။

“ဖားကန့်မှာ မြေစာပုံပြိုလို့ ထိခိုက်သွားကြရတဲ့ သွေးရင်းသားရင်းများအတွက် online ပရဟိတ ဈေးရောင်းပွဲတော် ကျင်းပပါမယ်။ အရင်းတွေကို စိုက်ထုတ်ပြီး ရောင်းရသမျှ အားလုံးကို လှူဒါန်းပေးသွားပါမယ်။ ကိုယ်ရှင်သန်နေတာ အများအတွက် ဖြစ်စေချင်တယ်။” သူ က ပြောပါတယ်။

အွန်လိုင်းပရဟိတဈေးရောင်းပွဲမှာ အနုပညာမောင်နှမတွေ ကိုယ်တိုင်ရောင်းချသွားမှာဖြစ်ပြီး အသေးစိတ်အစီအစဉ်ကို ပြန်လည်ကြေညာသွားမှာဖြစ်တယ်လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဇူလိုင်လ (၃) ရက်နေ့က ရေးသားထားပါတယ်။

ဖားကန့်မြို့နယ် ဝှေခါကျေး ရွာရှိ ဝှေခါမှော်မှ ပေ ၁,၀၀၀ ကျော်မြင့်တဲ့ မြေစာပုံသဟာ ရေမဆေး ကျောက်ရှာဖွေသူတွေ ကျောက်ရှာနေစဉ် ဇူလိုင်လ ၂ ရက် နေ့ နံနက်က မြေစာပုံပြိုကျခဲ့တာဖြစ်ပါတယ်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် စွန့်ပစ်မြေစာပုံ မြေပြိုကျမှုကြောင့် ဇူလိုင်လ ၅ ရက်နေ့ အထိ စုစုပေါင်း ရုပ်အလောင်း ၁၇၄ လောင်းကို ရှာဖွေနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top