ထိုင်းထီဆုငွေ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးအတွက် DNA စစ်ဆေးခံရတဲ့ ကျောင်းဆရာ

26047526_1672186312837502_6952652726624819105_n.jpg

ထိုင်းနိုင်ငံမှာ အမေရိကန်ဒေါ်လာ (၁) သန်းနီးပါး တန်ကြေးရှိတဲ့ ထီလက်မှတ် ဆုကြေးငွေအတွက် ကျောင်းဆရာတစ်ဦးကို DNA စစ်ဆေးနေရတယ်လို့ သိရပါတယ်။ Preecha Kraikruan အမည်ရှိ အသက် (၅၀) အရွယ် ကျောင်းဆရာတစ်ဦးဟာ အရင်လက ထီ (၅) စောင်ထိုးခဲ့ပြီး ဒေါ်လာ (၁) သန်းနီးပါး ထီပေါက်ခဲ့ပေမယ်လည်း သူ့ရဲ့ ထီလက်မှတ်တွေဟာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုထားပါတယ်။

ထိုင်းအာဏာပိုင်တွေက ထီ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၉၂၀၀၀၀ ကိုတော့ ကန်ချာနာဘူရီဒေသက ရဲအရာရှိဟောင်းတစ်ဦးက ထုတ်ယူသွားခဲ့တယ်ဆိုတာတွေ ရှိထားပါတယ်။ ထီဆုကြေးငွေကို ထုတ်ယူသွားခဲ့တဲ့ ရဲအရာရှိဟောင်းကတော့ အဲဒီ လက်မှတ်တွေဟာ သူပိုင်ဆိုင်တဲ့ လက်မှတ်တွေဖြစ်ပြီး ကျောင်းဆရာပျောက်ဆုံးသွားတဲ့ လက်မှတ်တွေ မဟုတ်ဘူးလို့ ထွက်ဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ ထီပေါက်ထားတဲ့ဆိုတဲ့ ရဲအရာရှိဟောင်း နဲ့ ကျောင်းဆရာတို့ ဟာ ထီလက်မှတ်တွေ ဟာ သူတို့ပိုင်ဆိုင်တဲ့အရာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ အဲဒါကြောင့် အာဏာပိုင်တွေက ထီလက်မှတ်ပေါ်က လက်ဗွေရာတွေနဲ့ DNA ကို စစ်ဆေးထားပြီး ပိုင်ရှင်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခွဲခြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာ DNA စစ်ဆေးရေး အရာရှိတွေဟာ ထီလက်မှတ်ပေါ်က DNA ကို စစ်ဆေးနေပြီး ရလာဒ်ကိုတော့ နောက်လအတွင်း ထုတ်ပြန်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

Ref : CNA : Thai teacher turns to DNA to prove US$1m lottery win

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top