ဇနီးကို ဆဲလို့ ဘားဆိုင်မှာ ရန်ဖြစ်ခဲ့တဲ့ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်

bb3.jpg

အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်ဟာ တနင်္လာနေ့ နံနက်အစောပိုင်းက သူ့ရဲ့မွေးရပ်မြေ ဆန်းဒါးလန်းက ဘားဆိုင်မှာ ရန်ဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ဟာ အားလပ်ရက်ရလို့ ဝီယာဆိုက်ဒ်ကို ပြန်လာခဲ့ပြီး ဇနီးလောင်း မီဂန်ဒေးဗစ်ဆန်နဲ့အတူ P’s & Q’s ဘားမှာ သောက်စားခဲ့ကြပါတယ်။ နယူးကာဆယ်အသင်း ပရိသတ်တွေက ပစ်ဖို့ဒ်ကို လှောင်ပြောင်အော်ဟစ်ခဲ့ကြပေမဲ့ ပြဿနာတစ်စုံတစ်ရာ မပေါ်ခဲ့ပါဘူး။

ဒါပေမဲ့ ပစ်ဖို့ဒ်တို့ ချစ်သူနှစ်ယောက် ဘားဆိုင်ပြောင်းသောက်ချိန်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တာပါ။ အဲဒီဘားမှာ သူ့ဇနီးလောင်း မီဂန်ကို ပစ်မှတ်ထားပြီး ဆဲရေးခဲ့ကြလို့ ပစ်ဖို့ဒ် စိတ်မထိန်းနိုင်တော့ဘဲ လက်သီးစွမ်းပြခဲ့တာလို့ သူနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားနဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်တို့ စိုးရိမ်ပူပန်ကြမှာပါ။ ကလပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ နော့အမ်ဘရီယာရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top