ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံးစာရင်းမှာ အဆင့် ၄ နေရာ ရောက်လာတဲ့ ဘရာဇီး

1-6-2020-yyl-008.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၉၃၄၁ ယောက်ရှိတဲ့ ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စတုတ္ထမြောက် လူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ ဘရာဇီးနိုင်ငံထက် လူသေဆုံးမှု ပိုများတာကတော့ အမေရိကန်၊ ဗြိတိန်၊ အီတလီနိုင်ငံတွေပဲ ရှိပါတယ်။ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၁၄၉၉၂ ယောက် ရှိနေပြီး အမေရိကန်နိုင်ငံပြီးရင် ကူးစက်မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုကတော့ ကူးစက်မှုအတိုင်းအတာကို လျှော့တွက်နေတုန်းဖြစ်ပြီး အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ဘရာဇီးနိုင်ငံရဲ့စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဘော်ဆိုနာရိုကတော့ သူ့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲမယ့်ပုံမပေါ်ပါဘူး။ ကန့်သတ်ပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းတာက ရောဂါကူးစက်ခံရတာထက် ပိုဆိုးတယ်လို့ ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top