ဆန္ဒပြပွဲတွေ ပြင်းထန်လာလို့ ဒေါ်နယ်ထရမ့်မိသားစုကို အိမ်ဖြူတော်ဗုံးခိုကျင်းထဲ ပို့ခဲ့ရ

1-6-2020-yyl-006.jpg

ပြီးခဲ့တဲ့သောကြာနေ့ညက အိမ်ဖြူတော်အပြင်ဘက်မှာ ဆန္ဒပြသူတွေ စုရုံးရောက်ရှိလာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မိသားစုဝင်တွေကို အိမ်ဖြူတော်ရဲ့မြေအောက်ဗုံးခိုကျင်းထဲ အခိုက်အတန့်ကြာ ပို့ဆောင်ခဲ့ရတယ်လို့ အိမ်ဖြူတော်ရဲ့ အရာရှိတစ်ယောက်နဲ့ တရားဥပဒေစိုးမိုးရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မြေအောက်ဗုံးခွဲကျင်းထဲမှာ တစ်နာရီဝန်းကျင်လောက် နေခဲ့ရပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ဇနီး မီလာနီယာထရမ့်နဲ့ သားဖြစ်သူ ဘာရွန်ထရမ့်တို့ကိုလည်း မြေအောက်ဗုံးခိုကျင်းထဲ ပို့ခဲ့ရတယ်လို့ ဒီဖြစ်ရပ်ကို သိခွင့်ရတဲ့ တခြားသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။

” အိမ်ဖြူတော်ရဲ့ အခြေအနေက အနီရောင်အဆင့်ဖြစ်လာရင်တော့ သမ္မတကို အရေးပေါ်စစ်ဆင်ရေးစင်တာ(EOC – အိမ်ဖြူတော်အရှေ့ဆောင်အောက်တွင် တည်ရှိ)ကို ပို့ရမှာပါ။ မီလာနီယာထရမ့်၊ ဘာရွန်ထရမ့်နဲ့ တခြားမိသားစုဝင်ရင်းချာတွေကိုလည်း ခေါ်သွားရမှာပါ”လို့ သတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ညက အိမ်ဖြူတော်အပြင်ဘက် ဆန္ဒပြပွဲတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က လျှို့ဝှက်တပ်ဖွဲ့ရဲ့ စွမ်းဆောင်မှုကို ချီးကျူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ရဲအရာရှိကြောင့် လူမည်းအမျိုးသားတစ်ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆူပူအုံကြွဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top