ဖိလစ်ပိုင်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို သီချင်းလုပ်ဆိုခဲ့တဲ့ Coldplay

22.1.24-yyl-10.jpg

ဖိလစ်ပိုင်နိုင်ငံမှာ ဂီတဖျော်ဖြေပွဲ လာရောက်ကျင်းပခဲ့တဲ့ Coldplay တေးဂီတအဖွဲ့ဟာ မနီလာမြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုအကြောင်း သီချင်းစပ်ဆိုသွားခဲ့ပါတယ်။ မြို့တော် မနီလာရဲ့ လမ်းတွေပေါ်မှာ အိမ်စီးကားတွေ၊ အငှားယာဉ်တွေ၊ ဘတ်စ်ကားတွေ၊ သုံးဘီးတွေ ပြွတ်သိပ်နေပြီး မနီလာမြို့မှာ နေထိုင်သူသန်းချီဟာ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို နေ့စဉ်ရင်ဆိုင်နေရပါတယ်။

Coldplay ရဲ့ ရှေ့ထွက်အဆိုတော် ခရစ်မာတင်က ” သေချာတာတစ်ခုကတော့ မနီလာမြို့ရဲ့ လမ်းပိတ်ဆို့မှုက ရူးလောက်စရာ၊ ၂ မိုင်ခရီးလောက် ကားမောင်းသွားရင် ၁ ပတ်၊ ၂ ပတ်ကြာ။ ရေချိုးချိန်အမီ အိမ်ပြန်ရောက်ဖို့ဆိုရင် ၁ နှစ်ခွဲလောက် အချိန်ပေးရမှာ”လို့ သီချင်းစပ်ဆိုသွားခဲ့တာပါ။

Coldplay ရဲ့ဂီတဖျော်ဖြေပွဲကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ ဇနီးမောင်နှံက ရဟတ်ယာဉ်နဲ့ လာရောက်ကြည့်ရှုခဲ့ပြီး ဖျော်ဖြေရေးအတွက် ပြည်သူ့ဘဏ္ဍာငွေ သန်းချီ သုံးစွဲတဲ့အပေါ် ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။

Ref:Manila’s traffic is so bad Coldplay wrote a song about it

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top