စူပါမားကတ်မှ ငုံးဥဝယ်ပြီး ငုံးသားဖောက်ခဲ့တဲ့ မိန်းကလေး

22.1.24-yyl-7.jpg

Zara Sutcliffe, 13, from Altrincham, Manchester, hatched a quail, now called Pebbles (pictured) from eggs she bought from Sainsbury's. Now they have a flock of seven which they keep at home as pets. Photo released January 15 2024. See SWNS story SWLNquail. A school girl who hatched a quail from a supermarket egg hopes he might start his only family - after pairing him with a gaggle of six females. Zara Sutcliffe, 13, branded the affectionate fowl, named Pebbles, her “best friend” after she reared him fr

စူပါမားကတ်မှ ဝယ်လာတဲ့ ငုံးဥကို သားဖောက်ပြီး ငုံးလေးတစ်ကောင် မွေးခဲ့တဲ့ ကောင်မလေးဟာ အခုအခါမှာတော့ ငုံးအများအပြား ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ် ဇာရာဆက်ကလစ်ဟာ စတိုးဆိုင်ကနေ ဝယ်လာတဲ့ ဘဲဥကို သားဖောက်ပြီး ဘဲမွေးတဲ့သူအကြောင်း အွန်လိုင်းမှာ ဖတ်မိရာကနေ သူ့ကိုလည်း သားဖောက်နိုင်မယ့် ဥတစ်မျိုးမျိုး ဝယ်ပေးဖို့ သူ့အမေကို ပူဆာခဲ့တာပါ။

သူ့အမေက စတိုးဆိုင်ခေါ်သွားတဲ့အခါ ငုံးဥနဲ့ ကြက်ဥ ၂ မျိုးရှိတဲ့အနက် ဇာရာက ငုံးဥဝယ်ပြီး ငုံးဖောက်ကြည့်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သီတင်းပတ် ၃ ပတ်ကြာ အနွေးဓာတ်ပေးပြီးနောက် ငုံးလေးတစ်ကောင် စတင်သားပေါက်ခဲ့ပါတယ်။ ဇာရာက ငုံးလေးကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ပြီး သူ့အခန်းထဲ ခေါ်ထားခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အဲဒီငုံးလေး အရွယ်ရောက်လာပြီးနောက်မှာတော့ ဇာရာရဲ့ မိသားစုက ငုံးလေးကိုလည်း တစ်ကောင်တည်း အထီးကျန်မနေစေဘဲ အပေါင်းအဖော်တွေနဲ့ နေနိုင်အောင် ငုံးမ ၆ ကောင် ထပ်ဝယ်ခဲ့တာပါ။

Zara Sutcliffe, 13, from Altrincham, Manchester, holds the box of eggs she bought which hatched a quail. Now they have a flock of seven which they keep at home as pets. Photo released January 15 2024. See SWNS story SWLNquail. A school girl who hatched a quail from a supermarket egg hopes he might start his only family – after pairing him with a gaggle of six females. Zara Sutcliffe, 13, branded the affectionate fowl, named Pebbles, her “best friend” after she reared him from an egg bought at Sainsbury’

ဇာရာတို့ မိသားစုဟာ တိရစ္ဆာန်မွေးမြူရတာ ဝါသနာထုံသူတွေ ဖြစ်ပြီး ခွေးတစ်ကောင်၊ ကြောင် ၃ ကောင်၊ လိပ် ၂ ကောင်လည်း မွေးမြူထားကြပါသေးတယ်။

Ref:Girl Hatches a Quail From a Supermarket Egg And Now Has a Devoted Pet (Video)

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top