သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှင်သန်ကူးခတ်နေတဲ့ ငါးတစ်ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့

2.4.2023-yyl-iamge-1.jpg

သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကူးခတ်နေတဲ့ ငါးတစ်မျိုးကို ကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ပက်ကျိငါးမျိုးစိတ်ဟာ ရေအောက်အနက် ၈၃၃၆ မီတာ ( ၂၇၃၄၉ ပေ) မှာ ကူးခတ်နေတာဖြစ်ပြီး ငါးတစ်ကောင် ရှင်သန်နိုင်တဲ့ အနက်ရှိုင်းဆုံးနေရာ ဖြစ်နိုင်တယ်လို့ ဒီသုတေသနကို ဦးဆောင်သူ သိပ္ပံပညာရှင်က ဆိုပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း အစ်ဇုအိုဂါဆာဝါရာချောက်ထဲမှာ ချထားတဲ့ မောင်းသူမဲ့ရေအောက်ယာဉ်ရဲ့ ကင်မရာကနေ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အရင်က ငါးတစ်ကောင် ရှင်သန်ကူးခတ်နေတာကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ အနက်ရှိုင်းဆုံးနေရာက ၈၁၇၈ မီတာမှာဖြစ်ပြီး ယခုတွေ့ရှိရတဲ့ နေရာက ၁၅၈ မီတာ ပိုနက်ပါတယ်။

Ref: Deepest ever fish caught on camera off Japan

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top