အမ်ဘာဟတ်က သူ့ခွေးကို သြစတြေးလျ ဒု-ဝန်ကြီးနာမည် မှည့်

28.12.2021yyl1.jpg

အမေရိကန် သရုပ်ဆောင်မင်းသမီး အမ်ဘာဟတ်က ခွေးကို သူ့နာမည် ပေးထားတာ ပြဿနာမရှိဘူးလို့ သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဘာနာဘီဂျွိုက်စ်က ပြောပါတယ်။ ဂျွန်နီဒပ်ဖ်ရဲ့ဇနီးဟောင်း အမ်ဘာဟတ်ဟာ ၂၀၁၅ ခုနှစ်တုန်းက ခွေးကိစ္စနဲ့ပတ်သက်ပြီး ဘာနာဘီဂျွိုက်စ်နဲ့ ပြဿနာတက်ခဲ့ဖူးပါတယ်။

အဲဒီတုန်းက ဂျွန်နီဒပ်ဖ်ဟာ သြစတြေးလျနိုင်ငံမှာ Pirates of the Caribbean ဇာတ်ကားရိုက်ကူးနေပြီး အမ်ဘာဟတ်က ခွေး ၃ ကောင်နဲ့အတူ သူ့ယောကျ်ားရှိရာကို လိုက်လာခဲ့တာပါ။ ခွေးတွေကို သတ်မှတ်ချိန်အတွင်း အမေရိကန်နိုင်ငံ ပြန်မပို့ဘူးဆိုရင် ကိစ္စတုံးပစ်မယ်လို့ (ထိုစဉ်က) သြစတြေးလျနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး ဘာနာဘီဂျွိုက်စ်က သတိပေးခဲ့ပါတယ်။ သြစတြေးလျနိုင်ငံဟာ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးအတွက် တိရစ္ဆာန်တွေကို တင်းတင်းကျပ်ကျပ် စိစစ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ အမ်ဘာဟတ်က အသစ်မွေးထားတဲ့ ခွေးလေးကို ဘာနာဘီဂျွိုက်စ်လို့ အမည်ပေးထားကြောင်း တွစ်တာပေါ် တင်ခဲ့တာပါ။ ဘာနာဘီဂျွိုက်စ်ကတော့ ခွေးကို သူ့နာမည်ပေးထားတာ ကိစ္စမရှိဘူး၊ သူက တိရစ္ဆာန်တွေနဲ့ ပြဿနာမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ” ကျွန်တော်တို့ သူတို့အကြောင်း မေ့လိုက်ပါပြီ။ အခုချိန်အထိ သူ့ခေါင်းထဲမှာ ကျွန်တော် ရှိနေသေးလို့ အမှန်တကယ် ကျေနပ်မိပါတယ်” လို့ ဘာနာဘီဂျွိုက်စ်က ဆိုပါတယ်။

Ref: BBC “Amber Heard names new dog after Australian minister embroiled in feud”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top