အမေရိကန်နိုင်ငံ Walmart စူပါမားကတ်မှာ ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၁၀ ယောက် သေဆုံး

23-11-2022yyl05.jpg

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ချက်စပိခ်မြို့မှ Walmart စူပါမားကတ်မှာ သေနတ်သမားတစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ စတိုးဆိုင်မန်နေဂျာလို့ ယူဆထားတဲ့ အမျိုးသားက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ။

နိုဝင်ဘာလ ၂၂ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၁၂ မိနစ်အချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ စတိုးဆိုင်ရဲ့ နားနေခန်းထဲမှာ သေနတ်သမားက Walmart ဝန်ထမ်းတွေကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ကော်လိုရာဒိုပြည်နယ်က LGBT ညကလပ်တစ်ခုမှာ သေနတ်သမားရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၅ ယောက် သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ၂၀၁၉ ခုနှစ်ကလည်း တက္ကဆက်ပြည်နယ် အယ်ပါဆိုမြို့က Walmart စတိုးဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂၃ ယောက် သေဆုံးခဲ့ပါတယ်။

Ref:US shooting: Man kills up to 10 in Virginia Walmart store

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top