ကျန်းမာရေးအခြေအနေကြောင့် Westlife အဖွဲ့ကနေ ထွက်လိုက်ပြီဖြစ်တဲ့ မားကပ်စ် ဖီးဟီလီ

1.3.24-yyl-18.jpg

ကမ္ဘာကျော်အဆိုအဖွဲ့ Westlife အဖွဲ့ဝင်ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် မားကပ်စ် ဖီးဟီလီဟာ ကျန်းမာရေးအခြေအနေကြောင့် အဖွဲ့ကနေ ထွက်တော့မှာဖြစ်ပါတယ်။ သူဟာ အဆုတ်အအေးမိအပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ၂၀၂၂ ခုနှစ်ကလည်း Wild Dream ဖျော်ဖြေရေးခရီးစဉ်ရဲ့ရက်တော်တော်များများမှာ မပါဝင်ခဲ့ရပါဘူး။

သူတို့အဖွဲ့ရဲ့ပထမဆုံး US ဖျော်ဖြေပွဲမစတင်ခင် ရက်ပိုင်းအလိုမှာ ကျန်းမာရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့အတွက် အဖွဲ့ကနေ ထွက်တော့မယ်လို့ ကြေညာခဲ့တာပါ။ အင်စတာဂရမ်မှာ ပို့စ်တင်ပြီး အခုလို ကြေညာခဲ့တာပါ။ “မင်္ဂလာပါ…ကျွန်တော် မက်ခ်ပါ။ ကျွန်တော့်မှာကျန်းမာရေးစိန်ခေါ်မှုတွေ ရှိခဲ့ဖူးတာကို တော်တော်များများသိကြပါတယ်။ တကယ်က လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်က စခဲ့တာပါ။ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ကျွန်တော်ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ဒီခွဲစိတ်မှုအပြီး ရက်အနည်းငယ်အတွင်း ပြင်းထန်စွာနာကျင်ပြီး အရေးပေါ်ဌာနကို အမြန်သွားခဲ့ရပါတယ်။

ခွဲစိတ်မှုရဲ့နောက်ဆက်တွဲပြဿနာကြောင့် ကျွန်တော့်အသက်ကိုကယ်တယ်ဖို့ အရေးပေါ်ခွဲစိတ်မှုလိုအပ်တဲ့ ပြင်းထန်တဲ့သွေးဆိပ်သင့်ခဲ့လို့ ICU မှာ ကုသမှုခံယူခဲ့ရပါတယ်။ ဆေးရုံမှာ လအနည်းငယ်ကြာ တက်ရောက်ခဲ့ရပါတယ်။ Lockdown ကာလအတွင်းဖြြစ်ခဲ့တာပါ။ လပေါင်းများစွာ တင်းကျပ်တဲ့ Covid ကန့်သတ်ချက်တွေကြောင့် ကျွန်တော့်ရဲ့ဇနီးလောင်းနဲ့ ၁၀ လအရွယ် သမီးလေးအပါအဝင် ဘယ်ဧည့်သည်ကိုမှ လာရောက်ခွင့်မပြုခဲ့ပါဘူး။ အဲ့ဒါက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ခက်ခဲတဲ့အချိန်ဖြစ်ခဲ့ပါတယ်”တဲ့။

မက်ခ်က အဲ့ဒီနှစ် ဒီဇင်ဘာမှာ ဆေးရုံကဆင်းခဲ့ပေမဲ့ ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားခဲ့ရပါတယ်။

သူက ဆက်ပြီး အခုလိုပြောထားပါသေးတယ်။ “၂၀၂၁ ခုနှစ်ကုန်ပိုင်းမှာ ဖျော်ဖြေပွဲမတိုင်ခင် နယူးကာဆယ်မှာ နေမကောင်းဖြစ်ခဲ့ပြီး အရေးပေါ်ဌာနသွားခဲ့ရပါတယ်။ အခုတစ်ခေါက်မှာ အဆုတ်ရောင်ရောဂါရှိတယ်လို့ ဆိုပါတယ်။ အိမ်မှာပဲ ပြန်လည်ကောင်းမွန်လာအောင်လုပ်ခဲ့ရပါတယ်။ ဖျော်ဖြေပွဲအကုန်လုံးကို လွတ်သွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဆက်ပြီး ခွဲစိတ်ကုသမှုတွေလိုအပ်ခဲ့တာကြောင့် The Wild Dreams ဖျော်ဖြေရေးခရီးစဉ်ကို လွတ်သွားခဲ့ပြန်ပါတယ်”

သူ့ရဲ့ခွဲစိတ်ကုသမှုတွေက ကောင်းကောင်းပြီးသွားခဲ့ပေမဲ့ ကျန်းမာရေးအပြည့်အဝကောင်းမွန်လာဖို့ အချိန်အနည်းငယ်ယူရဦးမယ်လို့ မက်ခ်က ခံစားနေရပါတယ်။ သူ့ရဲ့ပို့စ်ကို သူ့ရဲ့အဖွဲ့သားတွေအတွက် အားပေးစကားနဲ့ အဆုံးသတ်ခဲ့ပါတယ်။

Ref: Mark Feehily leaving Westlife due to ill health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top