“Bloodhounds Season 2” မှာ ဗီလိန်ဇာတ်ရုပ်အဖြစ် ပါဝင်အပြီး အဆိုတော်အဖြစ်လည်း “FEEL IT” သီချင်းဗီဒီယိုထွက်ရှိမယ့် အဆိုတော်မင်းသား Rain

rain.jpg

ကမ္ဘာကျော်အဆိုတော်မင်းသား Rain ဟာ “Bloodhounds Season 2” မှာ ဗီလိန်ဇာတ်ကောင် ဘေဂျွန်အဖြစ် သရုပ်ဆောင်အပြီးမှာတော့ အဆိုတော်အဖြစ်လည်း သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

FEEL IT (Neoya) အမည်ရတဲ့ သီချင်းဗီဒီယိုကို မေလ ၁၁ ရက်နေ့မှာ ထွက်ရှိမှာဖြစ်တယ်လို့ Rain ရဲ့ကိုယ်ပိုင်အေဂျင်စီ Rain Company က ဆိုထားပါတယ်။ “အဲ့ဒါ မင်းပဲ” လို့ အဓိပ္ပာယ်ရတဲ့ “Neoya” ရဲ့သီချင်းစာသားတေွက တစ်ဦးချင်းရဲ့ခံစားချက်ထက်ကျော်လွန်ပြီး နေ့စဉ်ဘဝရဲ့ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေကို ကိုယ်စားပြုပါတယ်။ ဒီသီချင်းက နားထောင်သူတွေကို လက်ရှိအချိန်ကို ပျော်ရွှင်စွာ ခံစားစေဖို့ အားပေးတဲ့ မက်ဆေ့ချ်တွေကို ပေးစွမ်းမှာဖြစ်ပါတယ်။

ဒီသီချင်းထွက်ရှိပြီးတဲ့နောက် Rain က ဇွန်လကျ ‘Weverse Con Festival’ မှာ ဖျော်ဖြေစရာရှိတဲ့အပြင် ဒီနှစ်ကုန်လောက်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ခုကျင်းပဖို့လည်းရှိပါတယ်။

Ref: Rain to make music comeback with ‘FEEL IT’ following ‘Bloodhounds 2’ villain role

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top