အသားရေအတွက် ငှက်ပျောသီးရဲ့ အလှအပအကျိုးကျေးဇူးများ

yyl-050.jpg

ငှက်ပျောသီးက စားရတာအရသာရှိတဲ့အပြင် ကျန်းမာရေး၊ အလှအပရေးရာအတွက် အကျိုးကျေးဇူးများစွာလည်းရှိပါတယ်။ ငှက်ပျောသီးစားခြင်းက လူကို အားအင်ပြည့်အောင် ကူညီပေးနိုင်ပြီး အသားရေအတွက်လည်း ကောင်းကျိုးတွေပေးစွမ်းနိုင်ပါတယ်။ ငှက်ပျောသီးတစ်လုံးက သဘာဝအစိုဓာတ်ထိန်းပေးတဲ့ဂုဏ်သတ္တိတွေ၊ ပိုတတ်စီယမ်၊ ဗီတာမင်အေ၊ ဘီ၊ စီ ဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် အသားရေအတက် တကယ်ကောင်းပါတယ်။

ငှက်ပျောသီးမှာ ပါဝင်တဲ့သတ္တုဓာတ်တွေက အသားရေကို တင်းရင်းစေပါတယ်။ အသားရေအတွက် ငှက်ပျောသီးရဲ့ နောက်ထပ်အလှအပအကျိုးကျေးဇူးတွေရှိတဲ့အတွက် ပျိုမေတွေ သိရှိစေဖို့အတွက် မျှဝေးပေးလိုက်ရပါတယ်။

အသားရေကို ရေဓာတ်ဖြည့်ပေးခြင်း

ငှက်ပျောသီးက အသားရေကို အာဟာရဖြည့်ပေးနိုင်တဲ့ လျို့ဝှက်ချက်ပါပဲ။ အသားရေကို ရေဓာတ်ဖြည့်ပေးသလို အသားရေနူးညံ့စေပြီး အစိုဓာတ်ကိုလည်းထိန်းပေးပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင်အေက အသားရေကြမ်းတမ်းမှုကို ချောမွေေ့စေတဲ့အပြင် ခြောက်သွေ့တဲ့အသားရေကိုလည်း ကုသပေးနိုင်ပါတယ်။

အဆီပြန်မှုကို ထိန်းပေးခြင်း

ငှက်ပျောသီးက အသားရေအဆီပြန်တာကို ကူညီပေးနိုင်တဲ့ အစွမ်းထက်အသီးပါပဲ။ အသားရေအဆီပြန်ခြင်းကင်းဝေးအောင် ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတတ်စီယမ်က ကူညီပေးပြီး အသားရေနူးညံ့ချောမွတ်လာစေမှာပါ။

အိုမင်ရင့်ရော်မှုကို ကာကွယ်ပေးခြင်း

ငှက်ပျောသီးက အန်တီအောက်စီဒန့်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် မျက်နှာပေါ်မှာ အရေးအကြောင်းတွေမဖြစ်အောင် သဘာဝအလျောက် ကာကွယ်ပေးနိုင်ပါတယ်။

ဝက်ခြံကို ကုသပေးခြင်း

ငှက်ပျောသီးက နီမြန်းရောင်ရမ်းမှုကို တိုက်ဖျက်ပေးတဲ့ဓာတ်တွေပါဝင်တဲ့အတွက် ဝက်ခြံပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ သင့်မျက်နှာကို ငှက်ပျောသီးခွံနဲ့ ပွတ်ပေးမယ်ဆိုရင် ဝက်ခြံပေါက်တာ သက်သာသွားစေမှာဖြစ်ပါတယ်။

Ref: TOI “Beauty benefits of banana for skincare

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top