မိန်းကလေးတိုင်း လိုက်နာသင့်တဲ့ ညပိုင်းအသားရေထိန်းသိမ်းနည်း

28-5-2020-yyl-030.jpg

အသားရေလှပဖို့အတွက် ညပိုင်းမှာ အသားရေထိန်းသိမ်းရတာကလည်း မိန်းကလေးတွေအတွက် အရေးကြီးလှပါတယ်။ မိန်းကလေးတော်တော်များများက နေ့ဘက်မှာတင် အသားရေထိန်းသိမ်းဖြစ်ကြတာပါ။ တကယ်တော့ ညပိုင်းအသားရေထိန်းသိမ်းပေးတာက နေ့ဘက်ထက် အသားရေက အလှကုန်ပစ္စည်းမှာပါဝင်တဲ့အာဟာရဓာတ်တွေကို ပိုပြီးစုပ်ယူနိုင်ပါတယ်။ သင် အိပ်စက်နေစဉ်အတွင်းမှာတောင် အာဟာရဓာတ်တွေက ကောင်းကောင်းစိမ့်ဝင်နိုင်ပါတယ်။

သဘာဝအတိုင်း နူးညံ့ချောမောတဲ့အသားရေလေးဖြစ်ဖို့အတွက် လိုက်နာသင့်တဲ့ ညပိုင်းအသားရေထိန်းသိမ်းနည်းအခြေခံအဆင့်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

မျက်နှာသစ်ဆေး – ပထမဆုံးအဆင့်မှာ မိတ်ကပ်၊ ဖုန်မှုန့်၊ အဆီတွေကိုဖယ်ရှားပေးနိုင်တဲ့ သဘာဝအဆီအနှစ်နဲ့ပြုလုပ်ထားတဲ့ မျက်နှာသစ်ဆေးနဲ့ သေချာလေး မျက်နှာသန့်စင်ပေးရပါမယ်။ ဒါမှ မျက်နှာပေါ်က အညစ်အကြေးတွေသန့်စင်သွားဖို့ ဖြူဝင်းသွားမှာဖြစ်ပါတယ်။

Serum – ခြောက်သွေ့တဲ့အသားရေ၊ အက်ကွဲတဲ့အသားရေကို ကာကွယ်ဖို့အတွက် အသားရေကို အမြဲတမ်း ရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။ အသားရေဆဲလ်တွေကိုလည်း ကောင်းကောင်းဆောင်ရွက်နိုင်အောင် Serum ကို သုံးပေးသင့်ပါတယ်။ ပျားရည်ပါဝင်တဲ့ သဘာဝ moisturizer နဲ့ ပေါင်းစပ်ထားတဲ့ Serum ကို ရွေးချယ်ပြီး ညဘက်အသားရေထိန်းသိမ်းပေးတာက သင့်အသားရေကို ကြည်လင်လာစေမှာဖြစ်ပါတယ်။

ညလိမ်းခရင်မ် – ကြည်လင်ဝင်းပတဲ့အသားရေဖြစ်ဖို့ဆိုတာက အသားရေကို ရေဓာတ်ဖြည့်ပြီးသွားရင် ညလိမ်းခရင်မ်လိမ်းပေးမှ ပြီးပြည့်စုံမှာဖြစ်ပါတယ်။ အသားရေမွဲခြောက်ခြင်းကို လျော့ချပေးဖို့၊ ဆဲလ်အသေတွေကို ဖယ်ရှားဖို့၊ အမဲစက်တွေလျော့နည်းဖို့အတွက် သဘာဝအဆီအနှစ်ပါဝင်တဲ့ ပေါ့ပေါ့ပါးပါးညလိမ်းခရင်မ်ကို ရွေးချယ်ပေးသင့်ပါတယ်။ ဒါမှ မနက်အိပ်ရာနိုးတာနဲ့ သင့်အသားရေလေးက နူးညံ့ပြီး ကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။

ညပိုင်းအသားရေထိန်းသိမ်းဖို့ကို မမေ့သင့်ပါဘူးနော်။ အခုဆိုရင် ညပိုင်းမှာ အသားရေဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ အခြေခံနည်းလမ်းတွေကို သိသွားပြီထင်ပါတယ်။ အသားရေကြည်လင်လှပစေတဲ့လျှို့ဝှက်ချက်က အသားရေထိန်းသိမ်းမှုပေါ်မှာမူတည်နေပါတယ်နော်..။

Ref: The essential night time skincare routine for every woman

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top