ကျဆုံးခဲ့ရတဲ့စစ်သားတွေရဲ့သားသမီးတွေကို Disney World ဆီပို့ပေးခဲ့တဲ့ Forrest Gump သရုပ်ဆောင် Gary Sinise

yyl-003-9.jpg

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ Forrest Gump ဇာတ်ကားမှာ တွမ်ဟန့်ခ် နဲ့ အတူတူသရုပ်ဆောင်ခဲ့တဲ့ ဂါရီ ဆီနိုက် (Gary Sinise) ဟာ The Gary Sinise Foundation ကို တည်ထောင်ထားပြီး အခုလည်း အဲဒီဖောင်ဒေးရှင်းနဲ့ ပရဟိတလုပ်လိုက်ပြန်ပါပြီ။

The Gary Sinise Foundation က နှစ်စဉ်အားလပ်ရက်ပိတ်ရက်တွေမှာ စစ်ပွဲမှာ ကျဆုံးခဲ့ရတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေ၊ သားသမီးတွေကို ငါးရက်တာခရီးလိုက်ပို့လေ့ရှိပါတယ်။ အခုနှစ်လည်း ကျရှုံးခဲ့ရတဲ့စစ်သားသားသမီး (၁၀၀၀) ကို Disney World ကို လိုက်ပို့ပေးခဲ့ပါတယ်။ မင်းသားကြီးဂါရီက အခုနှစ်ခရီးစဉ်အကြောင်းကို လေယာဉ်ပေါ်မှာ မိသားစုဝင်တွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံနဲ့ တွစ်တာအကောင့်မှာ ပြောပြခဲ့တာပါ။

မင်းသားကြီးဂါရီက ကလေးတွေကိုလည်း နွေးနွေးထွေးထွေးဆက်ဆံပေးတာကို တွစ်တာအကောင့်မှာ တင်ခဲ့တဲ့ဗီဒီယိုမှာ တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေနဲ့မိသားစုဝင်တွေ Disney World မှာ ပျော်ရွှင်နေကြတဲ့ပုံတွေကိုလည်း ဂါရီက မျှဝေခဲ့ပါတယ်။

ခရီးစဉ်နဲ့ ပတ်သက်ပြီး ဖောင်ဒေးရှင်းရဲ့ဝက်ဆိုက်ကလည်း “အားလပ်ရက်တွေက ဝမ်းနည်းပူဆွေးခဲ့ရတဲ့မိသားစုဝင်တွေအတွက် စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။ ဒီဇင်ဘာတိုင်း ကျဆုံးခဲ့ရစစ်သားတွေရဲ့ ကလေးတစ်ထောင်ကျော်နဲ့ အုပ်ထိန်းသူတွေကို ငါးရက်တာခရီးလိုက်ပို့ပေးပါတယ်” လို့ ပြောထားပါတယ်။

မင်းသားကြီး ဂါရီက Snowball Express ပရဟိတကို ဆယ်စုနှစ်ကျော်ကတည်းက လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကလေးတွေကို သူ့ရဲ့ Lt. Dan Band နဲ့တောင် ဖျော်ဖြေတင်ဆက်နေခဲ့တာပါ။ အဲဒီနောက် ၂၀၁၁ခုနှစ် (၄) နှစ်အကြာမှာ Snowbal Express အတွက် တာဝန်အပြည့်အဝယူတဲ့ Gary Sinise Foundation ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီကတည်းက ကလေး (၃,၄၅၀) ကျော်ကို ကူညီပေးခဲ့ပြီးပါပြီ။

Ref: Forrest Gump Star Gary Sinise Takes 1,000 Children Of Fallen Soldiers To Disney World
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top