ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်

24.8.23-yyl-1.jpg

လက်ဇီ အယ်ဖို့ဒ် အမည်ရတဲ့ အမေရိကန်အမျိုးသမီးဟာ ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တာပါ။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံကို သွားရောက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့အသက် ၂၁ နှစ်ပဲရှိပါသေးတယ်။ အရင်က ဒီစံချိန်ကို ချိုးခဲ့တဲ့သူက အသက် ၂၄ နှစ်အရွယ် ဂျိမ်းစ် အက်ကွစ်သ်ဆိုသူပါ။

အခု အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လက်ဇီဟာ ငယ်စဉ်ကတည်းက နိုင်ငံပေါင်း ၁၉၆ နိုင်ငံလုံးကို အလည်ပတ်သွားမယ်ဆိုတဲ့ ရည်မှန်းချက်ရှိခဲ့တာပါ။ ခရီးထွက်ရတာဝါသနာကြီးတဲ့မိသားစုကနေ ကြီးပြင်းလာခဲ့တာပါ။ သူ့မိဘတွေက ခရီးတွေထွက်ရင် သူ့ကိုခေါ်သွားလေ့ရှိပြီး မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေကို ပြသပေးလေ့ရှိပါတယ်။ အဲ့ဒါတွေက သူ့ရဲ့ကမ္ဘာကြီးကို စူးစမ်းလေ့လာလိုစိတ်ပြင်းထန်စေခဲ့ပါတယ်။

လက်ဇီက ကမ္ဘောဒီးယားရဲ့ရေပေါ်ကျေးရွာတွေကစပြီး ဒူဘိုင်းရဲ့ ခါလီဖာ မိုးမျှော်တိုက်၊ အာဂျင်တီးနားရဲ့Ushuaia မြို့၊ အီဂျစ်နိုင်ငံရဲ့ပိရမစ်ကြီးတွေအထိ ခရီးသွားအတွေ့အကြုံတွေအများကြီးရှိခဲ့တာပါ။ မတူညီတဲ့ဘဝနေထိုင်မှုပုံစံတွေအကြောင်း သိချင်စိတ်ပြင်းပြမှုနဲ့ ပျော်ရွှင်မှုရှာတာတွေက သူ့ရဲ့ခရီးစဉ်ကို ပုံဖော်ဖြစ်စေခဲ့တာပါ။ အစကတော့ သူ့ရဲ့စူးစမ်းလိုစိတ်ကြောင့် ခရီးထွက်ခဲ့ပေမဲ့ နောက်တော့ သူ့ရဲ့ခရီးစဉ်က အခြားသူတွေ အထူးသဖြင့် ငယ်ရွယ်တဲ့မိန်းကလေးတွေကို ကန့်သတ်ချက်တွေကို တွန်းလှန်ပြီး ကမ္ဘာကြီးကို အကြောက်တရားကင်းစွာနဲ့ စူးစမ်းလေ့လာဖို့ လှုံ့ဆော်ပေးနေတယ်ဆိုတာ နားလည်ခဲ့ပါတယ်။ လက်ဇီက ကမ္ဘာ့တစ်ဝှမ်းမှာ ရှိနေတဲ့ အကြင်နာတရားနဲ့ အလှတရားတွေကို ပြသဖို့ ရည်ရွယ်ထားပါတယ်။

Ref: Meet 21 years old Lexie Alford, Youngest Person to visit every country in the World and set World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top