COVID-19 ရောဂါပျောက်တယ်ဆိုတဲ့ ဆေးမြီးတိုကို မာဒါဂက်စကာကျွန်းနိုင်ငံက ဈေးကွက်တင်ရောင်းချ

4-5-2020-yyl-006.jpg

COVID-19 ရောဂါကို ကုသနိုင်တယ်ဆိုတဲ့ တိုင်းရင်းဆေးတွေ တင်သွင်းဖို့ မာဒါဂက်စကာကျွန်းနိုင်ငံကို လေယာဉ်တစ်စင်း စေလွှတ်ထားတယ်လို့ တန်ဇန်းနီးယားသမ္မတ မာဂူဖူလီက ပြောပါတယ်။ ငှက်ဖျားရောဂါ ကုသရာမှာ အသုံးပြုတဲ့ ပါဝင်ပစ္စည်း(သစ်နံကိုင်း- artemisia အပင်)ကနေ COVID-19 ရောဂါ ကုသနိုင်တယ်ဆိုတဲ့ ဆေးရည်ကို ထုတ်ယူထားတာပါ။ ဒါပေမဲ့ အဲဒီဆေးရည်က COVID-19 ရောဂါကို ပျောက်ကင်းစေတယ်လို့ သက်သေပြနိုင်ခြင်းမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က သတိပေးထားပါတယ်။

COVID-19 ရောဂါကို ဆေးမြီးတုတွေနဲ့ မကုသကြဖို့ WHO က အကြံပြုထားပါတယ်။ ဒါပေမဲ့ ကွန်ဂိုဘရာဇာဗီးလ်နိုင်ငံသမ္မတကလည်း မာဒါဂက်စ်စကာနိုင်ငံကနေ တိုင်းရင်းဆေး မှာယူတင်သွင်းမယ်လို့ ဆိုပါတယ်။ ၃ ပတ်မပြည့်ခင် ကာလအတွင်း လူ ၂၀ နီးပါးလောက်ကို စမ်းသပ်ကုသခဲ့ပြီးနောက်မှာ အဲဒီဆေးရည်ကို COVID-19 ရောဂါ ကုသနိုင်တဲ့ သြဂဲနစ်ဆေးရည်အဖြစ် ဈေးကွက်တင်ရောင်းချခဲ့တာလို့ တန်ဇန်းနီးယားသမ္မတရဲ့ ဝန်ထမ်းဦးစီးချုပ်က ပြောပါတယ်။

COVID-19 ရောဂါကို ကုသနိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းရှာဖွေဖို့ နိုင်ငံတကာမှာ စမ်းသပ်ကုသမှုတွေ ပြုလုပ်နေတယ်လို့ WHO က ပြောပါတယ်။ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က COVID-19 ရောဂါလက္ခဏာ ပြင်းထန်နေတဲ့ လူနာတွေအတွက် အရေးပေါ်အခြေအနေမှာ remdesivir ဆေးဝါးကို အသုံးပြုဖို့ ခွင့်ပြုချက်ပေးထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top