စင်ပေါ်မှာ ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းနေတဲ့ ဒေါင်းဆင်ဒရုန်း ရောဂါသည်ကလေး မော်ဒယ်

2-6-2020-yyl-018.jpg

အသက် (၄) နှစ်အရွယ် ကလေးမော်ဒယ်လေးဟာ ဒေါင်းဆင်ဒရုန်းရောဂါသည်ဖြစ်ပေမဲ့ ရှိုးပွဲတွေမှာ ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းရင်းနဲ့ အောင်မြင်မှုရနေတာပါ။ အဲဒီကလေးမော်ဒယ်လေးက ဖရန်ဆီကာ ရိုဆီ ဖြစ်ပြီး သူ တစ်ချက်ပြုံးလိုက်တာနဲ့ လူအများရဲ့နှလုံးသားကို ဖမ်းစားထားနိုင်ပါတယ်။ ဟိုအရင်ကတည်းက ဖရန်ဆီကာက ဖက်ရှင်နဲ့ ဓာတ်ပုံလောကထဲ ရောက်ရှိခဲ့တာပါ။ သူဟာ လမ်းလျှောက်တတ်ခါစအရွယ်ကတည်းက ဒေသဆိုင်ရာမော်ဒယ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Best Junior Super Model ဆုကို ရရှိခဲ့ပါတယ်။ မော်လ်တာနိုင်ငံမှာ လမ်းလျှောက်တတ်ခါစကတည်းက မော်ဒယ်လုပ်တာက ဖရန်ဆီကာတစ်ယောက်တည်း ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖရန်ဆီကာက ပရဟိတဖက်ရှင်ရှိုးပွဲတစ်ခုမှာ ယုံကြည်ချက်ရှိရှိလျှောက်လှမ်းခဲ့ပြီး ပွဲကြည့်ပရိသတ်တွေကို သူ့ရဲ့ချစ်စရာကောင်းပြီးလှပတဲ့အပြုံးတွေနဲ့ ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ အဲဒီရှိုးပွဲက မသန်စွမ်းမော်ဒယ်တွေနဲ့ ဦးဆောင်တဲ့ပွဲဖြစ်ပြီး ဖရန်ဆီကာကို ကမ္ဘာ့ပထမဆုံးဒေါင်ဆင်ဒရုန်းမော်ဒယ် မာဒီလိုင်း စတောက်တ်နဲ့အတူ မြင်တွေ့ခဲ့ရပါသေးတယ်။ ဖရန်ဆီကာက မာဒီလိုင်းလိုပဲ စူပါမော်ဒယ်တစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိနေပြီး သူ့အမေကလည်း လူတော်တော်များများကို ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ပတ်သတ်တဲ့သိမြင်မှုတွေတိုးလာဖို့ မျှော်လင့်နေပါတယ်။ ဖရန်ဆီကာက အခြားကလေးတွေလိုပဲ ကောင်းကောင်းလုပ်ဆောင်နိုင်ပြီး Catwalk လျှောက်ရင်လည်း တကယ်ကို ပေါ့ပေါ့ပါးပါးပါပဲ။ ဖရန်ဆီကာက Show ပွဲတွေမှာ Catwalk လျှောက်တာ (၅) ကြိမ်ရှိသွားပါပြီ။

ဖရန်ဆီကာရဲ့မိခင်က သူ့သမီး Catwalk လျှောက်တဲ့အချိန်တိုင်း သူ့မျက်လုံးထဲမှာ သူ့သမီးရဲ့ပျော်ရွှင်မှုကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။ ဖရန်ဆီကာဟာ အခြားကလေးတွေလည်း သူ့ကိုအားကျအတုယူလာစေဖို့နဲ့ သူတို့တွေက သူ့အလှနဲ့သူ လှတယ်ဆိုတာကို ယုံကြည်လာအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဖရန်ဆီကာက မော်ဒယ်လျှောက်တာအပြင် ဘဲလေးအက ကတာ၊ ကမ်းခြေသွားတာ၊ အရုပ်တွေနဲ့ဆော့ရတာ ကြိုက်နှစ်သက်ပါတယ်။

Ref: Meet a 4-Year-Old Model With Down Syndrome Who Is Not Afraid to Be Herself

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top