အီရန်နိုင်ငံရဲ့ တစ်ဦးတည်းသော အိုလံပစ်ဆုရှင် အမျိုးသမီး ပြည်ပကို ထွက်ပြေး

yyl-055-2.jpg

အီရန်နိုင်ငံရဲ့ တစ်ဦးတည်းသော အိုလံပစ်ဆုတံဆိပ်ရှင် အားကစားမယ်ဟာ အီရန်နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။ သူတော်ကောင်းယောင်ဆောင်တာ၊ လိမ်ညာတာ၊ မတရားတာ၊ အလိုလိုက်အကြိုက်ဆောင်နေတဲ့ ဘဝမှာ မနေချင်တော့လို့ အီရန်နိုင်ငံကနေ ထွက်ပြေးလာခဲ့တာလို့ အသက် ၂၁ နှစ်အရွယ် တိုက်ကွမ်ဒိုအားကစားမယ် အလီဇာဒါက ပြောပါတယ်။ အီရန်နိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးသန်းနဲ့ချီရှိပြီး အဲဒီသူတွေထဲမှာ သူလည်း တစ်ယောက်အပါအဝင်ပဲလို့ အလီဇာဒါက ပြောပါတယ်။

အလီဇာဒါဟာ ဟော်လန်နိုင်ငံမှာ လေ့ကျင့်မှုတွေလုပ်နေတယ်လို့ သတင်းထွက်နေပေမဲ့ လက်ရှိ ဘယ်နိုင်ငံမှာ ခိုလှုံနေလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။ အလီဇာဒါဟာ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲမှာ တိုက်ကွမ်ဒိုအားကစားနည်းနဲ့ ကြေးတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့ပြီး အီရန်နိုင်ငံသမိုင်းမှာ အိုလံပစ်ဆုတံဆိပ် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အားကစားမယ်ပါ။ အီရန်အာဏာပိုင်တွေက သူ့ရဲ့အောင်မြင်မှုကို ဝါဒဖြန့်တဲ့ လက်နက်တစ်ခုလို အသုံးချခဲ့တယ်လို့ အလီဇာဒါက ပြောပါတယ်။ အလီဇာဒါဟာ ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပေမဲ့ အီရန်အလံလွှမ်းခြုံဖွယ်မရှိဘူးလို့ အီရန်အစိုးရပိုင် Isna သတင်းဌာနက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top