သွားဆေးခန်းလာပြတဲ့ ကလေးတွေရဲ့ကြောက်စိတ်ကို ဖြေလျှော့ပေးတဲ့ သွားဆရာဝန်ရဲ့အကူခွေးလေး

6-1-2023-yyl-48.jpg

ပုံထဲက ခွေးလေးအယ်ဒိုဟာ အီကွေဒေါနိုင်ငံက သွားဆရာဝန်တစ်ဦးရဲ့အကူခွေးလေးတစ်ကောင်ပါ။ သွားဆရာဝန်ကို ဘာတွေကူညီပေးလဲလို့မေးရင်တော့ အယ်ဒိုဟာ Parque Dental လို့ခေါ်တဲ့ သွားဆေးခန်းကို လာပြတဲ့ကလေးတွေရဲ့စိတ်လှုပ်ရှားမှုနဲ့ကြောက်စိတ်တွေ ပြေလျော့သွားအောင် ကူညီပေးပါတယ်။ အယ်ဒိုက အီကွေဒေါရဲ့ပထမဆုံးသွားဘက်ဆိုင်ရာအကူခွေးလေးပါ။ သူ့ကို ကလေးတွေနဲ့အပြန်အလှန်ဆက်ဆံနိုင်ဖို့အတွက် စိတ်ခံစားမှုပိုင်းပံ့ပိုးပေးတဲ့ခွေးလေးအဖြစ် လေ့ကျင့်သင်ကြားပေးထားတာပါ။

အယ်ဒိုရဲ့အကြောင်းကို ပုံတွေနဲ့တကွ အင်စတာဂရမ်အကောင့်၊ တွစ်တာအကောင့်တွေမှာ တင်လာကြပါတယ်။ “WeRateDogs” အမည်ရတဲ့ တွစ်တာအကောင့်က အယ်ဒိုရဲ့ပုံတွေကို တင်ပြီးတော့ “ဒီခွေးလေးက ကလေးတွေရဲ့စိတ်ဖိစီးမှုကို လျှော့ချဖို့နဲ့ သွားဆရာဝန်အပေါ် သူတို့ရဲ့ယုံကြည်မှုတိုးလာစေဖို့ ကူညီပေးတယ်”လို့ ရေးသားထားပါတယ်။ ပုံတွေမှာ သွားကုသမှုခံယူနေတဲ့ ကလေးတွေနားမှာ အယ်ဒိုနေပေးနေတာ မြင်တွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကလည်း အယ်ဒိုသာ သွားဆေးခန်းမှာရှိနေမယ်ဆိုရင် သွားဆေးခန်းလာပြချင်ကြောင်း၊ သွားနှုတ်ပြီးသားဖြစ်ပေမဲ့ နောက်တစ်ကြိမ် သွားလာနှုတ်မှာဖြစ်ကြောင်း၊ ပုံမှန်သွားစစ်ဆေးမှုတွေခံယူမှာဖြစ်ကြောင်းမှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Meet Aldo, Ecuador’s ‘first’ dental assistant dog that comforts children during appointments

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top