တရုတ်အမျိုးသမီးငယ်တစ်ဦးဟာ စက်ရုပ်တစ်ရုပ်လို သွားလာလှုပ်ရှားမှုပုံစံကြောင့် လူသိများ ကျော်ကြားလျက်ရှိပါတယ်။ သူဟာ အထူးဖန်တီးထားတဲ့ စက်ရုပ်ဝတ်စုံကို ဝတ်ဆင်ပြီး ခံစားချက်မဲ့တဲ့ မျက်နှာသွင်ပြင်နဲ့ လှုပ်ရှားသွားလာတာကြောင့် စက်ရုပ်မလေးဆိုပြီး တရုတ်လူမှုကွန်ရက်မှာ ကျော်ကြားနေတာပါ။
၂၀၂၄ ခုနှစ်က ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ World Robot Conference မှာ အမျိုးသမီးငယ်က စက်ရုပ်ဝတ်စုံထဲ ဝင်ပြီး တကယ့်စက်ရုပ်အစစ်ဘေးမှာ ယှဉ်တွဲသရုပ်ပြခဲ့တာပါ။ အမျိုးသမီးငယ်က စက်ရုပ်အတိုင်း လှုပ်ရှားပြနိုင်ခဲ့လို့ ခန်းမထဲက ဧည့်ပရိသတ်တွေလည်း ဘယ်ဟာက စက်ရုပ်အစစ်လဲဆိုတာကို ခွဲခြားမရနိုင်အောင် ဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ဒီအမျိုးသမီးငယ်က စက်ရုပ်မလေးလို့ လူသိများလာခဲ့တာပါ။
World Journal ရဲ့ ဖော်ပြချက်အရ ပရော်ဖက်ရှင်နယ်စက်ရုပ်မော်ဒယ်ဟာ အရပ် ၅ ပေ ၉ လက်မမြင့်ပြီး ဒေါက်ဖိနပ်ကြောင့် အရပ်ပိုရှည်သလို ဖြစ်နေတာပါ။ သူ့ရဲ့ခါးက ၂၂ လက်မပဲ ရှိပြီး စက်ရုပ်ဝတ်စုံကြောင့် ခါးပိုသေးသွယ်သလို ဖြစ်နေတာ တွေ့ရပါတယ်။
Ref: Meet China’s Most Popular ‘Robot Girl’
NZ ( ရိုးရာလေး)