စံချိန်တင်စျေးနှုန်းဖြင့် လေလံအောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရှေးဟောင်းမြေပုံ

yyl-3-9-012.jpg

ရှေးဟောင်းမြေပုံစုဆောင်းသူတွေ အာသာငမ်းငမ်း လိုချင်နေကြတဲ့ မြေပုံတစ်ချပ်ဟာ စံချိန်တင်စျေးနှုန်းအဖြစ် ပေါင် ၂၆၀,၀၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ နှစ်သက်တမ်း ၃၀၀ နီးပါးရှိတဲ့ ဖိလစ်ပိုင်မြေပုံကို ၁,၇၃၄ ခုနှစ်မှာ စပိန်နိုင်ငံသား မြေပုံရေးဆွဲသူ မူရီလိုဗီလာဒီက ရေးဆွဲခဲ့တာပါ။ စပိန်နိုင်ငံက ဖိလစ်ပိုင်ကို ကိုလိုနီနယ်မြေအဖြစ် သိမ်းပိုက်ထားတဲ့ကာလမှာ မူရီလိုဗီလာဒီက မြေပုံရေးဆွဲခဲ့တာဖြစ်ပါတယ်။

အဲဒီမြေပုံဟာ ခေတ်ဟောင်းကာလမှာတော့ တကယ့်ကို အသေးစိတ်ပါဝင်ပြီး တိကျလွန်းတဲ့ မြေပုံတစ်ချပ်ဖြစ်လို့ ချီးကျူးခံခဲ့ရပါတယ်။ စက္ကူပေါ်မှာ မြေပုံရေးဆွဲထားပြီး အောက်ခံပိတ်ကြမ်းနဲ့ ချုပ်ထားတဲ့ အဲဒီမြေပုံဟာ စတုရန်းမီတာ ၁ မီတာကျော်ရှိပါတယ်။ အဲဒီခေတ်ကာလတုန်းကတော့ တော်တော်လေးကြီးမားတဲ့ မြေပုံတစ်ချပ် ဖြစ်ခဲ့ပါတယ်။ မူရီလိုဗီလာဒီ ရေးဆွဲထားတဲ့ မြေပုံထဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ကျွန်းတွေကို အသေးစိတ် ဖော်ပြထားပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ ကျွန်းစုတွေမှာ နေထိုင်သူတွေနဲ့ သဘာဝသယံဇာတတွေကိုပါ ဖော်ပြထားပါတယ်။ ဒီနေ့ခေတ်အချိန်မှာတော့ မူရီလိုဗီလာဒီ ရေးဆွဲခဲ့တဲ့ မြေပုံမိတ္တူ ၁၅ စောင်ပဲ ကျန်ပါတော့တယ်။ ၁၃၈ နှစ်သက်တမ်းရှိတဲ့ ဗြိတိန်လေလံကုမ္ပဏီ Reeman Dansie ရဲ့သမိုင်းတစ်လျှောက်မှာ အဲဒီမြေပုံက စျေးနှုန်းအများဆုံးရရှိတဲ့ မြေပုံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top