ပြန်ပေးဆွဲခံရမှာစိုးရိမ်မှုမြင့်တက်လာခြင်းကြောင့် ကမ္ဘောဒီးယားသို့ ၂ ရက်တာအလည်အပတ်ခရီးစဉ်အတွင်း သက်တော်စောင့် ၁၀ ဦးနဲ့ သွားခဲ့တဲ့ ဟောင်ကောင်မင်းသား ၂ ဦး

23.1.2025-yyl-18.jpg

မြန်မာ-ထိုင်းနယ်စပ်အနီး တရုတ်သရုပ်ဆောင် ဝမ်ရှောင် ပြန်ပေးဆွဲခံရမှုကြောင့် အာရှအနုပညာရှင်အများအပြားဟာ ခရီးသွားလာလို့ တုံ့ဆိုင်းနေကြပုံရပါတယ်။ အခုလိုစိုးရိမ်မှုတွေကြောင့် ဒီဟောင်ကောင်မင်းသား ၂ ဦးဆိုရင် ကမ္ဘောဒီးယားနိုင်ငံကို အလည်အပတ်သွားရာမှာ သက်တော်စောင့် ၁၀ ဦးနဲ့ သွားခဲ့ပါတယ်။

အဲ့ဒီမင်းသား ၂ ဦးကတော့ အသက် ၄၂ နှစ်အရွယ် ကိတ် မော့ခ် နဲ့ အသက် ၆၇ နှစ်အရွယ် မိုက်ကယ် တောက်တို့ပါပဲ။ သူတို့နှစ်ဦးဟာ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိခဲ့တာပါ။ ကိတ်ကတော့ သူ လုံခြုံဘေးကင်းတယ်ဆိုတာကို သူ့ပရိသတ်တွေ သိရဖို့ အင်စတာဂရမ်မှာ ပို့စ် ပုံမှန်တင်ပေးခဲ့ပါတယ်။ လေဆိပ်ကို လာခေါ်တာကစလို့ မြို့အနှံ့လည်ပတ်တာအထိ သူ့ရဲ့ယာဉ်မောင်းဟာ စစ်တပ်ကဖြစ်တယ်လို့ကိတ်က ပြောပြပါတယ်။ နိုင်ငံတကာနာမည်ကြီးဟိုတယ်တစ်ခုမှာ တည်းခိုတယ်လို့တောင် သူက ပြောခဲ့တာပါ။

သူ့ပရိသတ်တွေရဲ့စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသက်သာစေဖို့ သက်တော်စောင့် ၁၀ ဦးရှိတယ်လို့ ပြောပါတယ်။ မကြာသေးခင်က ပြန်ပေးဆွဲမှုဖြစ်ရပ်တွေက သူ့ကို ကမ္ဘောဒီးယားလာလည်ဖို့ နည်းနည်းကြောက်မိပြီး အဲ့ဒီမှာ စက်ရုံပိုင်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဘေးကင်းလုံခြုံမှုရှိမရှိ မေးမြန်းခဲ့ပါသေးတယ်။ သူနဲ့ မိုက်ကယ်တို့ သွားလည်တဲ့နေရာတွေက ဘေးကင်းပြီး ထင်သလောက် ကြောက်စရာမကောင်းဘူးလို့ သူ့သူငယ်ချင်းရဲ့ပြောစကားအရ သိခဲ့ရပါတယ်။

ကိတ်တို့က အလုပ်ကိစ္စနဲ့ အလည်အပတ်လာခဲ့တာဖြစ်ပြီး မြဝတီဘက်ကို လူကုန်ကူးခံလိုက်ရတဲ့ ဝမ်ရှောင်နဲ့မတူတာက သူတို့လက်ခံတဲ့ ဒီအလုပ်က မလေးရှားမှာ ဖျော်ဖြေစဉ်အတွင်း တွေ့ဆုံခဲ့တဲ့ အပေါ်အဖော်တစ်ဦးက မိတ်ဆက်ပေးခဲ့တာဖြစ်တယ်လို့ ကိတ်က ဆိုပါတယ်။ မိုက်ကယ်နဲ့ ကမ္ဘာဒီးယားမှာ အတူရှိနေရတာက သူ့ကို စိတ်သက်သာရာရစေတယ်လို့လည်း ထားပါတယ်။

Ref: HK Stars Travelled With 10 Bodyguards During 2-Day Visit To Cambodia Because Of Rising Abduction Fears In The Region

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top